Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဇာတ်မင်းသားကြီးမိုးမင်းပြော

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ပြီးခဲ့တဲ့ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်မှာ ဖိုးချစ်ဇာတ်ပွဲထည့်သွင်းပြုလုပ်စဉ်။ ဓာတ်ပုံ - စစ်ကောင်စီ

ဖေဖော်ဝါရီ-၁၀၊ ၂၀၂၆။မေရီ/People’s Spring

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဟာ ပွဲလမ်းသဘင်၊ ရုပ်ရှင်၊ ဂီတပွဲတွေကို လွတ်လပ်စွာ လုပ်ခွင့်ပေးထားတာဟာ ပုံမှန်ဘဝ ပြန်ရပြီလို့ ထင်စေဖို့အတွက်ဖြစ်ပြီး ၎င်းတို့ရဲ့အကြမ်းဖက်မှုတွေကို မမြင်အောင် လှည့်စားခြင်းသာဖြစ်ကြောင်း၊ ပြည်သူတွေရဲ့စိတ်ကို တွေဝေမိန်းမောသွားစေဖို့နဲ့ တော်လှန်ရေးကို အားအင်ချိနဲ့သွားအောင် လုပ်ခြင်းဖြစ်ပြီး အာဏာရှင်ရဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ (psy-war) တစ်ရပ်ဖြစ်ကြောင်း ဇာတ်မင်းသားမိုးမင်းက သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်တဆင့် အသိပေးပါတယ်။

ဝမ်းစာအတွက် အလုပ်လုပ်ရတဲ့ အနုပညာသမားတွေကို နားလည်သော်လည်း စစ်အာဏာရှင်က ပျော်ပွဲ၊ရွှင်ပွဲတွေကို ဗျူဟာအဖြစ် အသုံးချကာ ပြည်သူတွေပုံမှန်ဘဝပြန်ဖြစ်နေပြီဆိုတဲ့သဘော ပြသနေခြင်းသာဖြစ်ကြောင်း ဇာတ်မင်းသားမိုးမင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အနုပညာသမားကို အပြစ်တင်ဖို့ မဟုတ်ပါ။ ဝမ်းစာရှာနေရတာကိုလည်း မလေးစားဖို့ မဟုတ်ပါဘူး။အာဏာရှင်ရဲ့ ဗျူဟာကို မပါဝင်ဘဲနေဖို့ပါပဲ။ ပြည်သူက ဒီအချိန်မှာ ပျော်ရွှင်မှုကို မရွေးချယ်ဘူး။ လူတွေသေဆုံးနေရချိန်မှာ ငါမပျော်နိုင်ပါဘူးလို့ တိတ်တိတ်လေး ပြသလိုက်တာပါ။ ပွဲမသွားခြင်းက လက်နက်တစ်ခု ဖြစ်နိုင်ပါတယ်။ အသံမထွက်ဘဲ ပြုလုပ်နိုင်တဲ့ တော်လှန်ရေးပါ။ ပွဲလမ်းသဘင်တွေမှာ ချောက်ကပ်ကပ်ဖြစ်သွားစေရင် အာဏာရှင်ရဲ့ မအောင်မြင်တဲ့ ဗျူဟာဖြစ်သွားပါပြီ။”လို့ ဇာတ်မင်းသားမိုးမင်းက ရေးသားပါတယ်။

ဇာတ်မင်းသားမိုးမင်းဟာ စစ်ကောင်စီရဲ့ပွဲလမ်းသဘင်တွေထက် ကိုယ့်မိသားစုကိုအချိန်ပေးတာ၊ အားကစားလုပ်တာ၊ အိမ်တွင်းဖျော်ဖြေရေးတွေနဲ့ အပန်းဖြေတာတွေ ပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဇာတ်မင်းသားမိုးမင်းဟာ နာမည်ကျော် ဇာတ်သဘင်ပညာရှင်ကြီး စိန်မာဒင်ရဲ့သားဖြစ်ပါတယ်။ မိုးမင်းရဲ့ ဆန်းသစ်တဲ့ စတိတ်ရှိုးဖျော်ဖြေတင်ဆက်မှုတွေကြောင့် သဘင်တခေတ်မှာ နှစ်ပေါင်းများစွာ နာမည်ရခဲ့ဖူးပါတယ်။

အာဏာသိမ်းကာလမတိုင်မီကတည်းက အမေရိကားမှာ နေထိုင်နေခဲ့သူဖြစ်ပြီး တော်လှန်ရေးမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရွေးကောက်ပွဲကာလတုန်းကလည်း အတုအယောင်ရွေးကောက်ပွဲ ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ပေးခဲ့ပါသေးတယ်။

စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ဘုရားပွဲ တော်တွေကို ထပ်ခါထပ်ခါကျင်းပစေပြီး ဇာတ်သဘင်ဖျော်ဖြေပွဲတွေနဲ့ စည်ကားအောင် ပြုလုပ်စေခဲ့ပါတယ်။ မန္တလေးမြို့က ရပ်ကွက်ဘုရားပွဲတွေကိုလည်း ပြန်လည်ပြုလုပ်စေဖို့ ၎င်းတို့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကို တိုက်တွန်းနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေမှာရှိတဲ့ စေတီပုထိုးတွေမှာလည်း အခုအခါ စစ်ကောင်စီက ဘုရားပွဲပုံစံပြုလုပ်ပြီး ဇာတ်ပွဲတွေထည့်သွင်းနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

” ရပ်ကွက်ထဲက ဘုရားအငယ်တွေလည်း အခု ဇာတ်ပွဲအတင်းလုပ်နေတာ။ အရင်က အဲလိုဘုရားဆို ဘယ်သူမှ လာတဲ့သူ မရှိဘူး”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။