Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ဝိုင်းမော်မှာ မြေပြင်စစ်ကြောင်းတိုးဖို့အတွက် စစ်တပ် လေကြောင်းနဲ့ လက်နက်ကြီးသုံး တိုက်ခိုက်

စစ်ကောင်စီဟာ ဖားကန့်နဲ့ ဝိုင်းမော်မှာ မြေပြင်ကနေ စစ်ကြောင်းတွေ တိုးဖို့အတွက် လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေပါတယ်။

ဓာတ်ပုံ - ဒေသခံ

ဖေဖော်ဝါရီ-၁၀၊ ၂၀၂၆။ ကဖေး/People’s Spring

စစ်ကောင်စီဟာ ဖားကန့်နဲ့ ဝိုင်းမော်မှာ မြေပြင်ကနေ စစ်ကြောင်းတွေ တိုးဖို့အတွက် လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေပါတယ်။

ဖားကန့်မှာ ဒီနေ့ မနက်ပိုင်း တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်းမရှိဘဲ မွန်းလွဲ ၁နာရီ ၄၅ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မရှီကထောင် အနောက်ဘက်ကို ကြဲတာ။ အဲ့ဒီမှာ သူတို့ စစ်ကြောင်း အပိတ်ခံထိနေတာ။ ‌ရှေ့တိုးချင်လို့ လေယာဉ်ကြဲတာ။ ကြဲပီးတာနဲ့ လက်နက်ကြီးပစ်ပြီးဆက်တိုက်တိုးတာ”လို့ KPDF နဲ့နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် လူအထိအခိုက်မရှိပေမယ့် တိုက်ပွဲဖြစ်ပွားနေတဲ့ မှော်စီစာကျေးရွာလမ်းမှာ မိုင်းကွဲမှုကြောင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မှာ ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။

လက်ရှိ ဖားကန့်ဒေသတွင်းအခြေအနေတွေနဲ့ပတ်သက်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)က သီးခြားသတင်းထုတ်ပြန်မထားပေမယ့် စစ်ကောင်စီစစ်ကြောင်းတွေနဲ့တွေ့ရင် ကြိုတင်ရှောင်တိမ်းဖို့၊ လမ်းပေါ်ထွက်ပြီးကြည့်တာမျိုးတွေမလုပ်ဖို့နဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကိုလည်းသတိပြုဖို့ သတိပေးထားပါတယ်။

ဝိုင်းမော်မြို့နယ်မှာလည်း ဒီရက်ပိုင်း တိုက်ပွဲဖြစ်နေပါတယ်။ ခလရ(၅၈)အနီးက ကာကင်းစခန်းအချို့ကို KIA၊KPDFက သိမ်းယူထားပြီး ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေပစ်ကာ စစ်ကြောင်းလှုပ်ရှားလာတယ်လို့ သိရပါတယ်။

မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီး မိုင်းနားကျေးရွာမှာ စစ်ကောင်စီက လက်နက်ကြီးတပ်ဆင်ထားပြီး ပစ်ခတ်နေပါတယ်။

ဒီနေ့ မနက် ၁၀နာရီခန့်မှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၄ရက် ညနေကလည်း ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ ကား ၁၅စီး ထက်မနည်း မီးလောင်ခဲ့ပါတယ်။

KIAဦး‌ဆောင်တဲ့ မဟာမိတ်တပ်တွေဟာ ကချင်ပြည်နယ်အတွင်း ဖားကန့်၊ ဝိုင်းမော်၊ တနိုင်း၊ အင်းတော်ကြီးဒေသတွေမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေသလို ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း အရှိန်မြှင့်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။