Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဇာတ်ပွဲကြည့်ပြီးပြန်လာသူကို ပေါ်တာဆွဲ

အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။

စစ်မှုထမ်းဉပဒေသုံးပြီး စုဆောင်းခံရသူတွေကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ -စစ်ကောင်စီ

ဖေဖော်ဝါရီ – ၁၀ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မနက်အစောပိုင်း ၃ နာရီခန့်မှာ မန္တလေး ဘုရားကြီး ဇာတ်ပွဲကနေအပြန် အသက် ၂၅ နှစ်အရွယ်အမျိုးသား ပေါ်တာဆွဲခံရတာဖြစ်ပြီး မန္တလေးနန်းတွင်းအခြေစိုက် တပ်ထဲကို ပို့ခံလိုက်ရတယ်လို့သိရပါတယ်။

“စမ်းရေမိုးဇာတ် ပထမနေ့က တူလေးပါသွားတာ ၊မိုးမလင်းသေးဘူး ပြန်လာတာ၊ လမ်းမှာတင်ဆွဲသွားတာ”လို့ မြောက်ပြင်ရပ်မှာနေထိုင်တဲ့မြို့ခံ အမျိုးသမီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ မဟာမုနိဘုရားကြီးပွဲနဲ့ ကုသိုလ်တော်ဘုရား ရန်ပုံငွေပွဲတွေကို လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ ဇာတ်အဖွဲ့တွေကိုခေါ်ယူပြီး ဖေဖော် ဝါရီလ ၆ ရက်ကနေ ဖေဖော်ဝါရီလ ၉ ရက်အထိကျင်းပခဲ့တာပါ။

အဲဒီဇာတ်ပွဲတွေအပြန်မှာလူငယ်အမျိုးသားအချို့ ပေါ်တာဆွဲခံရတာရှိပြီး People’s Spring က ကနဦး စုံစမ်းမေးမြန်းမှုအရတော့ ငါးဦး ခန့်ရှိနေပါတယ်။

ပေါ်တာဆွဲခံရသူ အချို့ကို သက်ဆိုင်ရာမိသားစုဝင်တွေက လက်လှမ်းမီသလောက်ငွေကြေးပေးပြီး ပြန်ထုတ်ဖို့ ကြိုးစားနေပေမယ့် ပြန်လည်လွတ် မြောက်လာတာမရှိသေးပါဘူး။

စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေဟာ ရန်ကုန်မြို့မှာလည်း လူငယ်လူရွယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့အတင်းအကျပ် ဖိအားပေးတာတွေရှိနေပါတယ်။

ဒီနေ့ (ဖေဖော်ဝါရီလ ၁၀ရက် ) ဆိုရင် လူငယ်လူရွယ်တွေကို အဓမ္မနည်းသုံးပြီး စစ်ထဲထည့်တဲ့ စစ်မှုထမ်း ဉပဒေကို ပြဌာန်းတာ နှစ်နှစ်ပြည့်မြောက်ပါပြီ။

နှစ်နှစ်တာကာလအတွင်းမှာ အပတ်စဉ် ၂၀ ထိ သင်တန်းပေးထားပြီးပြီ ဖြစ်တာကြောင့်တပ်သားသစ်အင်အား တစ်သိန်းဝန်းကျင်ကို စစ်ကောင်စီတပ်က ရရှိထားပါတယ်။

တဖက်မှာလည်း စစ်မှုထမ်းဉပဒေကြောင့် မြန်မာလူငယ်လူရွယ်အများအပြားတိုင်းပြည်ပြင်ပကိုအလုံးအရင်းနဲ့ထွက်ခွာခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စာမတတ်ပေမတတ်တဲ့ ပြည်သူ့စစ်တွေ မွေးထုတ်ထားဟု ဒေါ်စောယုမာပြော

သတင်း

နေပြည်တော်မှာ အမြင်အာရုံမကောင်းတဲ့ အသက်(၂၃)နှစ်အရွယ် လူငယ် ၁ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ဒေသခံအချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှု‌တွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။