Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဇာတ်ပွဲကြည့်ပြီးပြန်လာသူကို ပေါ်တာဆွဲ

အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။

စစ်မှုထမ်းဉပဒေသုံးပြီး စုဆောင်းခံရသူတွေကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ -စစ်ကောင်စီ

ဖေဖော်ဝါရီ – ၁၀ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းဖေဖော်ဝါရီလ ၇ ရက်မနက်အစောပိုင်းမှာဇာတ်ပွဲကြည့်ပြီး ပြန်လာတဲ့ လူငယ်အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရတယ်လို့မြို့ခံဆီကသိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မနက်အစောပိုင်း ၃ နာရီခန့်မှာ မန္တလေး ဘုရားကြီး ဇာတ်ပွဲကနေအပြန် အသက် ၂၅ နှစ်အရွယ်အမျိုးသား ပေါ်တာဆွဲခံရတာဖြစ်ပြီး မန္တလေးနန်းတွင်းအခြေစိုက် တပ်ထဲကို ပို့ခံလိုက်ရတယ်လို့သိရပါတယ်။

“စမ်းရေမိုးဇာတ် ပထမနေ့က တူလေးပါသွားတာ ၊မိုးမလင်းသေးဘူး ပြန်လာတာ၊ လမ်းမှာတင်ဆွဲသွားတာ”လို့ မြောက်ပြင်ရပ်မှာနေထိုင်တဲ့မြို့ခံ အမျိုးသမီးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမှာ မဟာမုနိဘုရားကြီးပွဲနဲ့ ကုသိုလ်တော်ဘုရား ရန်ပုံငွေပွဲတွေကို လူမှုကွန်ရက်မှာနာမည်ကြီးနေတဲ့ ဇာတ်အဖွဲ့တွေကိုခေါ်ယူပြီး ဖေဖော် ဝါရီလ ၆ ရက်ကနေ ဖေဖော်ဝါရီလ ၉ ရက်အထိကျင်းပခဲ့တာပါ။

အဲဒီဇာတ်ပွဲတွေအပြန်မှာလူငယ်အမျိုးသားအချို့ ပေါ်တာဆွဲခံရတာရှိပြီး People’s Spring က ကနဦး စုံစမ်းမေးမြန်းမှုအရတော့ ငါးဦး ခန့်ရှိနေပါတယ်။

ပေါ်တာဆွဲခံရသူ အချို့ကို သက်ဆိုင်ရာမိသားစုဝင်တွေက လက်လှမ်းမီသလောက်ငွေကြေးပေးပြီး ပြန်ထုတ်ဖို့ ကြိုးစားနေပေမယ့် ပြန်လည်လွတ် မြောက်လာတာမရှိသေးပါဘူး။

စစ်ကောင်စီ လက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့တွေဟာ ရန်ကုန်မြို့မှာလည်း လူငယ်လူရွယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းဖို့အတင်းအကျပ် ဖိအားပေးတာတွေရှိနေပါတယ်။

ဒီနေ့ (ဖေဖော်ဝါရီလ ၁၀ရက် ) ဆိုရင် လူငယ်လူရွယ်တွေကို အဓမ္မနည်းသုံးပြီး စစ်ထဲထည့်တဲ့ စစ်မှုထမ်း ဉပဒေကို ပြဌာန်းတာ နှစ်နှစ်ပြည့်မြောက်ပါပြီ။

နှစ်နှစ်တာကာလအတွင်းမှာ အပတ်စဉ် ၂၀ ထိ သင်တန်းပေးထားပြီးပြီ ဖြစ်တာကြောင့်တပ်သားသစ်အင်အား တစ်သိန်းဝန်းကျင်ကို စစ်ကောင်စီတပ်က ရရှိထားပါတယ်။

တဖက်မှာလည်း စစ်မှုထမ်းဉပဒေကြောင့် မြန်မာလူငယ်လူရွယ်အများအပြားတိုင်းပြည်ပြင်ပကိုအလုံးအရင်းနဲ့ထွက်ခွာခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ နေအိမ်ရှေ့ ဆေးလိပ်ထွက်သောက်တဲ့ လူငယ်ကို စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ဖြစ်စဉ် ဧပြီ ၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တွေမှာ စစ်တပ်က တွေ့သမျှ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်မှာ ဧပြီ ၂ ရက် ညပိုင်းက လမ်းသွားနေတဲ့ လူငယ်တစ်ဦးကို စစ်သားတွေက ရိုက်နှက်ပြီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ နတ်မောက်နဲ့ မြို့သစ်မြို့နယ်တွေမှာ ပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေနဲ့ ပတ်သက်နေတဲ့ အငြိမ်းစားအရာရှိတစ်ဦးနဲ့ ပျူစောထီးတစ်ဦးကိုဖမ်းဆီးရမိကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့ရဲ့ခေါင်းဆောင် ကိုအောင်ဒင်က ပြောပါတယ်။