Connect with us

Hi, what are you looking for?

သတင်း

ရဲရွာက​ရေလွှတ်လို့ ဒုဌဝတီမြစ်ရေ ရုတ်တရက်တက်လာပြီး မြစ်လယ်သောင်ပေါ်က စားသောက်ဆိုင်တွေ ရေမြုပ်

မန္တလေး ရွှေစာရံဘုရားအနီးက ဒုဌဝတီမြစ်ထဲမှာ ရဲရွာရေအားလျှပ်စစ်စီမံကိန်းဆည်က​နေ ရေတွေလွှတ်လို့ ရေတွေတက်လာပြီး မြစ်လယ်သောင်ပေါ်က စားသောက်ဆိုင်တွေ ရေမြုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ရေမြုပ်ခဲ့သော စျေးဆိုင်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ဇေအောင်/People’s Spring

မန္တလေး ရွှေစာရံဘုရားအနီးက ဒုဌဝတီမြစ်ထဲမှာ ရဲရွာရေအားလျှပ်စစ်စီမံကိန်းဆည်က​နေ ရေတွေလွှတ်လို့ ရေတွေတက်လာပြီး မြစ်လယ်သောင်ပေါ်က စားသောက်ဆိုင်တွေ ရေမြုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ရေမြုပ်ခဲ့သော စျေးဆိုင်အချို့အား တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဖေဖော်ဝါရီ ၉ ရက် ည ၉ နာရီခန့်က မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံဘုရားအနီး၊ ဒုဌဝတီမြစ်မှာ ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ ဆည်ကနေ ဆည်ရေတွေ လွှတ်လိုက်တာကြောင့် မြစ်အလယ်သောင်မှာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ ရေမြုပ်ခဲ့တာဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရင်က ဖြည်းဖြည်းချင်းတက်တာပါ။ အခုက တအားတက်လာတာ။ လူတွေတော့ ထိခိုက်တာမရှိဘူး”လို့ ရွှေစာရံကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

လူထိခိုက်မှုမရှိပေမယ့် အိုးခွက်ပန်းကန်တွေ၊ ခုံတွေ မျောပါဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရဲရွာရေအားလျှပ်စစ်ကနေ ညပိုင်းတွေမှာ ရေလွှတ်လေ့ရှိပြီး မနက်လင်းရင်တော့ ပြန်ကျသွားတတ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မကြာခင် ရွှေစာရံဘုရားပွဲ ရောက်တော့မှာဖြစ်ပြီး ဘုရားဖူးဧည့်သည်တွေဟာ ဒုဌဝတီမြစ်ထဲ ရေဆင်းကစားလေ့ရှိကြောင်း၊ ယခုလို ရုတ်တရက် ရေတက်လာတာနဲ့ကြုံရင် အန္တရာယ်ရှိနိုင်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊အမရပူရမြို့နယ်မှာ ဒုဌဝတီမြစ်ရေတက်လာတာကြောင့် မြစ်ငယ်မြို့နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့ ဩဂုတ် ၉ရက်မနက်ပိုင်းစတင်ကာ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့က ဒုဌဝတီမြစ်ဆိပ်နှစ်နေရာမှာ ‌သုံးရက်အတွင်း စက်လှေ နဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ ဒီနေ့ (ဧပြီလ၁၆ရက်)နေ့လယ်ပိုင်းက ကားတစ်စီးတိမ်းမှောက်ခဲ့ပြီး ထိခိုက်သူတွေကို ဆေးရုံပို့ဖို့ ဒုဌဝတီမြစ်ကူးတံတားဖြတ်တဲ့ လူနာတင်ကားကိုစစ်တပ်ကတားဆီးခဲ့လို့ ဒဏ်ရာရသူတွေ အချိန်မီ​ဆေးကုသခွင့်မရခဲ့ဘူးလို့ ​ဒေသခံ​တွေက​ပြောပါတယ်။