Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်ရှောက်ပင်ရွာက စစ်တပ်စခန်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ Black Dragon Force(BDF)အထူးလှုပ်ရှားတပ် တာဝန်ရှိသူက ပြောပါတယ်။

ရှောက်ပင်ရွာက စစ်တပ်အခြေစိုက်စခန်း တိုက်ခိုက်ရန်ပြင်ဆင်နေတာကို တွေ့ရစဥ်။ဓာတ်ပုံ − BDF

ဖေဖော်ဝါရီ-၁၆၊၂၀၂၆။ မိုမို/People’s Spring

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုတွေရှိတယ်လို့ Black Dragon Force(BDF)အထူးလှုပ်ရှားတပ် တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့(ဖေဖော်ဝါရီ ၁၆ရက်) တိုက်ခိုက်မှုမှာ ဂန့်ဂေါမြို့နယ်ရဲ့ အမှတ် (၅၀)ခြေလျင်တပ်ရင်း (ခလရ−၅၀)တပ်သားတွေ အထိုင်ချထားတဲ့နေရာရည်ရွယ်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ရှောင်ပင်ကျေးရွာထိပ်မှာရှိတဲ့ စစ်တပ်ဂိတ်ထိမှန်ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီရွာမှာက စစ်တပ်က ၆၀ဝန်းကျင် ရှိတယ်။ဗုံးသီးတစ်လုံးက တည့်ကျလို့ နှစ်ဦးသေပြီး အထိ အခိုက်များပါတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရှောင်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်မှုကို Unity RocketOrganization ( URO ) နဲ့Black Dragon Force(BDF)တို့ ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။လက်ရှိစစ်ရေးအရ ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့အနီးပတ်ဝန်းကျင်နေရာတွေကို ရှောင်ရှားကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဂန့်ဂေါမြို့ရဲ့တောင်ဘက် (၆)မိုင်ဝန်းကျင်အကွာက ရှောက်ပင်ကျေးရွာကို စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တပ်စွဲခဲ့တာလို့ သိရပါတယ်။

ရှောက်ပင်ကျေးရွာတပ်စွဲပြီးနောက်ပိုင်း ဂန့်ဂေါမြို့တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်း ထိုးပြီး အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေရှိခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။