Connect with us

Hi, what are you looking for?

သတင်း

ရခိုင်က စစ်ဘေးရှောင်ကလေးတွေအတွက် နှို့မှုန့်အာဟာရလှူဒါန်းတဲ့ လုလုအောင်

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေက နို့စို့အရွယ်ကလေးငယ်တွေရဲ့ နှို့မှုန့်အာဟာရအတွက် အလှူငွေ ကျပ်သိန်းသုံးဆယ်လှူဒါန်းခဲ့တယ်လို့ Sexyမော်ဒယ် လုလု‌အောင်က အသိပေးထားပါတယ်။

ဖေဖော်ဝါရီ-၁၈၊၂၀၂၆။ဆဏ်း/People’s Spring

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေက နို့စို့အရွယ်ကလေးငယ်တွေရဲ့ နှို့မှုန့်အာဟာရအတွက် အလှူငွေ ကျပ်သိန်းသုံးဆယ်လှူဒါန်းခဲ့တယ်လို့ Sexyမော်ဒယ် လုလု‌အောင်က အသိပေးထားပါတယ်။

“သာလီစွပါ တမြေထဲက သွေးချင်းမောင်နှမတွေတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက် “လို့ လုလုအောင်က ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်မှာ မွေးကင်းစကနေအသက် ခြောက်လအတွင်း နို့စို့အရွယ်ကလေးငယ်တွေအတွက် နို့မှုန့်အာဟာရရရှိဖို့ ကူညီဆောင်ရွက် ပေးနေတဲ့ အရွယ်စုံ Arakanese Ladies ကနေတဆင့် လှူဒါန်းပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

“အရွယ်စုံ Arakanese Ladies မှာ ကလေးတွေကို ဂရုဏာသက်စွာနွေးထွေးတဲ့လက်အစုံနဲ့ လှူဒါန်းပေးတဲ့ မမချောချော မလုလုအောင် ဒီထက်မက စီးပွါးတွေတိုးတက်ပြီး အောင်မြင်ပါစေ အလှူရစက် အမြဲမပြတ်လှူနိုင်ပါစေ။ ကောင်းကျိုးလိုရာဆန္ဒပြည့်ပါစေရှင်”လို့ အလှုရှင်လုလုအောင်အတွက် ဆုတောင်းပေးထားပါတယ်။

လုလုအောင်ရဲ့ ပရိသတ်တွေကတော့ အားပေးရတာတန်တယ်လို့ မှတ်ချက်တွေရေးသားထားကြပါတယ်။

လုလုအောင်က အရင်ကတည်းက စစ်ဘေးရှောင်တွေအတွက် လှူဒါန်းလေ့ရှိသူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းကလည်းကချင်ဒေသက စစ်ဘေးရှောင်တွေအတွက် ငွေကျပ် သိန်းသုံးဆယ်လှူဒါန်းခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။