Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှ၊ရွာကုန်းကြီးရွာကိုစစ်တပ်ဗုံးကြဲ ​ကျောင်း၊​ဆေးရုံနဲ့​နေအိမ်​တွေပျက်စီး ၊လူထိခိုက်မှုမရှိ

(စစ်တပ်ဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို​ တွေ့ရစဥ်။ ။ဓါတ်ပုံ-​ဒေသခံ)

​ဖေ​ဖော်ဝါရီ-၂၀၊၂၀၂၆။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း ၊ကျွန်းလှမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ရွာကုန်းကြီးကျေးရွာကို စစ်တပ်ကတိုက်ပွဲမရှိပဲ ဗုံးကြဲခဲ့တာ​ကြောင့် စာသင်​ကျောင်း ၊​ဆေးရုံနဲ့​နေ

အိမ်​တွေ ပျက်စီးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

​ဖေ​ဖော်ဝါရီ၁၈ ရက်ည​နေပိုင်းမှာ တစ်ကြိမ်ဗုံးကြဲရင် ဗုံးနှစ်လုံး နဲ့ ​စုစု​ပေါင်းလေးကြိမ် ဗုံးရှစ်လုံးကို

Public Service Announcement

Public Service Announcement

ရွာကုန်းကြီးရွာအား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။​ဖေ​ဖော်ဝါရီ ၁၈ ရက် ည​နေ ၃ နာရီ ၅၃မိနစ် ၊ ၅၄ မိနစ် ၊ ည​နေ ၅ နာရီ ၃၉ မိနစ် ၊ ၄၀ မိနစ်ဝန်းကျင်တို့မှာကြဲချခဲ့တာလို့ ​ဒေသခံ​တချို့နဲ့ ​​ဒေသတွင်းလေ​ကြောင်းတိုက်ခိုက်မှု​တွေကို ​ဖော်ပြ​ပေး​နေတဲ့ Kawlin News ​ဖေစ်ဘွခ်​ပေချ်ကလည်း​ဖော်ပြပါတယ် ။

“ရွာထဲတည့်တည့်ပစ်တာ(ဗုံးကြဲ) တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့လာပစ်တာ စာသင်​ကျောင်းတော့တော်တော်ပျက်စီးသွားတယ်။အထိခိုက်တော့မရှိဘူး”လို့ ​ဒေသခံတဦးက​ပြောပါတယ်။

စစ်တပ်ဗုံးကြဲချိန်မှာ ​ဒေသခံပြည်သူ​တွေ ရွာမှာမရှိတာ​ကြောင့် လူထိခိုက်​သေဆုံးမှု မရှိဘူးလို့ သူကဆက်​ပြောပါတယ် ။

စစ်တပ်ဗုံးကြဲမှု​ကြောင့် စာသင်​ကျောင်း ၊ တိုက်နယ်​ဆေးရုံ နဲ့ ရွာရှိ​နေအိမ် ၇ လုံးခန့်ပျက်စီးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။အ​ဆောက်အအုံ​တွေပျက်စီး​နေတာကို ​ဒေသခံ​တွေ​​ပေးပို့တဲ့ ဓါတ်ပုံ နဲ့ ဗီဒီယို မှတ်တမ်း​တွေမှာလည်း​တွေ့ရပါတယ်။

စစ်တပ်က ရွာကုန်းကြီးရွာကို ၂၀၂၄ ခုနှစ် နှစ်ကြန်ပိုင်းကလည်း တိုက်ပွဲဖြစ်တာမရှိပဲ ဗုံးကြဲခဲ့ဖူးပါတယ် ။

အာဏာသိမ်းစစ်တပ်က ယခုလပိုင်းအတွင်းမှာ ​ကောလင်း ၊ကျွန်းလှ ၊ကသာ၊ဗန်း​မောက် စတဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် က​ဒေသ​တွေကိုဗုံးကြဲတိုက်ခိုက်တာ​တွေပိုလုပ်​နေတာ​တွေ့ရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မောတောင်မြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ သင်္ကြန်အတက်နေ့ ပြည်သူတွေရေကစားနေတဲ့နေရာကို စစ်တပ်က ဂျိုင်ရိုကော်ပတာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ထီးလင်းမြို့နယ်အတွင်းစစ်တပ်ကဒီ​နေ့ ​မွန်းလွဲပိုင်းမှာလေကြောင်းကနေ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ဦသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။