Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်နဂါးကို စစ်တပ်ထံ ကယ်ထုတ်ပေးတဲ့ ဘုန်းကြီးကို ပုလဲပလဖ ​ထိန်းသိမ်းထား

စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။

(စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ ဗိုလ်နဂါးကို​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

■ရွာသူရွာသား​တွေက ဘုန်းကြီးကိုပြန်လွှတ်​ပေးဖို့ အသနားခံစာပို့

​ဖေ​ဖော်ဝါရီ-၂၄၊၂၀၂၆။ကဖေး/People’s Spring

စစ်တပ်နဲ့ပူး​ပေါင်းသွားတဲ့ဗိုလ်နဂါးကို စစ်တပ်ရှိရာဆီ ပို့ဆောင်ပေးခဲ့ပြီး BNRA အဖွဲ့ပိုင်ပစ္စည်းတွေကို လက်ခံထားတဲ့ ပုလဲမြို့နယ် ၊ကံကြီးရွာကဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ကို ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ခေါ်ယူထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။

ဖေ‌ဖော်ဝါရီလ ၁၈ရက်နေ့ ညနေမှာ စစ်ကောင်စီထံ ဗိုလ်နဂါးပူးပေါင်းသွားပြီးနောက်ပိုင်း ဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက်ဆရာတော်ဦးအရိယာဝံသကို ခေါ်ယူထိန်းသိမ်းခဲ့တာလို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“၁၇ရက်နဲ့ ၁၈ရက်နေ့က နဂါးကို ပိတ်ဆို့ထားချိန်မှာ ဆရာတော်က အကာအကွယ်ပေးပြီး ခေါ်ထုတ်သွားတာ။နဂါးနဲ့ BNRA အဖွဲ့ပိုင် ပစ္စည်းတွေ၊ စာရင်းတွေကလည်း ဆရာတော်ဆီမှာ ရှိနေတာဖြစ်တယ်”လို့ပြောပါတယ်။အထက်ပါအချက်အလက်​တွေကို People’s Spring အ​နေနဲ့သီးခြားအတည်မပြုနိုင်​သေးပါဘူး ။

ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDFတပ်ရင်းတွေကဖေဖော်ဝါရီလ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဖေဖော်ဝါရီလ၁၈ ရက်နေ့မှာ ဗိုလ်နဂါးက စစ်တပ်နဲ့ပူး​ပေါင်းသွားပြီး စစ်တပ်ကရဟတ်ယာဉ်နဲ့ ခေါ်ထုတ်ခဲ့ပါတယ်။

ဗိုလ်နဂါးရှိနိုင်တဲ့ နေရာအချို့ကို PDFနဲ့ ပကဖတပ်တွေက ပိတ်ဆို့ထားချိန်မှာဆရာတော် ဦးအရိယာဝံသကအကာအကွယ်ပေးပြီး ဘယ်သူမှမသိအောင် ခေါ်ထုတ်သွားတာလို့ဒေသခံတဦးကပြောပါတယ်။

ဆရာတော်ဦးအရိယာဝံသဟာ သက်တော် ၄၅ နှစ်အရွယ်ရှိပါပြီ။၂၀၂၁နောက်ပိုင်း စစ်အာဏာသိမ်းမှုတော်လှန်ဆန့်ကျင်ရေးမှာ ပါပေမယ့် နောက်ပိုင်းမှာ ဗိုလ်နဂါးနဲ့ ဆရာဒကာဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးဘက်ကို မပါတော့ဘူးလို့ ပုလဲမြို့ခံတဦးကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၈ရက်က ဆရာတော်ဦးအရိယာဝံသနဲ့အတူ သီတင်းကံကြီးရွာသားဦးထွန်းလင်းကိုပါ ပုလဲမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ထိန်းသိမ်းခဲ့တာပါ။ဦးထွန်းလင်းကိုတော့ ဖေဖော်ဝါရီလ ၁၉ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ဆရာတော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ကံကြီးရွာရပ်ရွာ​ဒေသခံ​တွေက ​ဖေ​ဖော်ဝါရီ ၂၁ ရက် ရက်စွဲနဲ့ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ)ဆီစာပို့တောင်းဆိုထားတာလည်းရှိပါတယ်။ဆရာ​တော်ကိုဖမ်းသွားပြီးပြန်မလွတ်​ပေး​သေးလို့ဒါကာ ၊ဒါယိကာမ​တွေက ​ပူ​ဆွေး​သောက​ရောက်​နေတယ်လို့​ဖော်​ပြထားပါတယ်။ယခုဖြစ်စဥ်မှာအပြစ်ရှိရင်​တောင် ​နောက်​နောင် အခုလိုအပြစ်ထပ်မံမကျူးလွန်​စေရဟုအာမခံပြီး ထပ်မံကျူးလွန်ရင်ကြိုက်နှစ်သက်သလို စီမံ​ဆောင်ရွက်ပါဟုရွာသား​တွေ​ရေးသားထားတဲ့စာမှာ​ဖော်ပြထားပါတယ်။

ဆရာတော်ကို လိုအပ်တာ မေးမြန်းနေခြင်းသာဖြစ်တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဗိုလ်နဂါး စစ်တပ်ထံ လက်နက်ချပြီးတဲ့နောက်ပိုင်းပုလဲမြို့ထဲကို အင်အားဖြည့်ထားတဲ့ စစ်တပ်တွေထဲက အင်အား ၄၀၀ ခန့်ဟာရွာအချို့ကို စစ်ကြောင်းထိုးနေပါတယ်။ လက်ရှိအချိန်အထိ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းတော့ မရှိသေးပါဘူး။ဗိုလ်နဂါးအပြင် BNRA အဖွဲ့က စစ်ရေးတာဝန်ခံ ဘဏ္ဍာရေးတာဝန်ခံနဲ့ BNRA တပ်ရင်းမှူးအချို့လည်း စစ်တပ်ထံလက်နက်ချသွားတာမို့ ပုလဲမြို့နယ်အတွင်း လုံခြုံရေးနဲ့ စစ်ရေးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။