Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၇ နဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ် အသေအပျောက်ရှိ

KNU ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ ပိုင်ကျုံဒေသအတွင်း ဖေဖော် ဝါရီ ၂၃ ရက်က စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးတယ််လို့ KNU ဗဟိုက မနေ့( ဖေဖော်ဝါရီ ၂၄ရက်) ညပိုင်းမှာထုတ်ပြန်ပါတယ်။

KNU တပ်ဖွဲ့ဝင်အချို့ စစ်ရေး လှုပ်ရှားနေပုံ ( ပုံဟောင်း) ဓာတ်ပုံ - KNU

ဖေဖော်ဝါရီ – ၂၅ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

KNU ဖားအံခရိုင်၊ တပ်မဟာ(၇)နယ်မြေ ပိုင်ကျုံဒေသအတွင်း ဖေဖော် ဝါရီ ၂၃ ရက်က စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးတယ််လို့ KNU ဗဟိုက မနေ့( ဖေဖော်ဝါရီ ၂၄ရက်) ညပိုင်းမှာထုတ်ပြန်ပါတယ်။

စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ KNU တို့ ထိတွေ့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရ တယ်လို့ KNU ဗဟိုက ဆိုထားပါတယ်။

People’s Spring အနေနဲ့ တော့ စစ်ကောင်စီတပ်ဖွဲ့ ရဲ့ ထိခိုဒဏ်ရာရ ၊သေဆုံးစာရင်းကို သီးခြားအတည်မပြုနိုင်ပါဘူး။

Public Service Announcement

Public Service Announcement

ပိုင်ကျုံမြို့မှာစစ်ကောင်စီတပ်ကပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ရွေး ကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး အင်အားအလုံးအရင်းဝင်ရောက်နေရာယူထားတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေတာပါ။

ဖေဖော်ဝါရီ ၂၃ ရက်က တော့ ပိုင်ကျုံမြို့ပေါ်ကနေ ဒေါနတောင်ခြေဘက်ကို ဦးတည်လာချိန်မှာစစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြားပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်ကလည်း ဆိုပါတယ်။

ပိုင်ကျုံမြို့ရဲ့မြောက်ဘက် ပညာပလီးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် KNU တပ်မဟာ (၇) နဲ့ နာရီအနည်းငယ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာပိုင်ကျုံမြို့ကိုအခြေပြုပြီး မြို့ရဲ့ မြောက်ဘက် ဒေါနတောင်ခြေအောက်က ကျေးရွာတွေဖြစ်တဲ့ ပညာပလီး၊ လော်ကော်၊ ဖားကပ်၊ ညာမရော၊ မိကြောင်၊ တမိုလာခီးကျေးရွာတွေဆီဦးတည်နေတာပါ။

အဲဒီကျေးရွာကနေတဆင့် ပွိုင့်(၉၂၈)စခန်း၊ နော်တရာ(နောင်ခလာ)စခန်းအတိုင်း ထိုင်း -မြန်မာနယ်စပ် အနီးက တာလယ်ဗျုဟာဘက်ကို ဆင်းလာပြီး စစ်ကြောင်းထိုးဖို့လုပ် ဆောင်လာတာလို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ (၇) ဆီ လက်လွှတ်လိုက်ရတဲ့ ဒေါနတောင် အရှေ့ခြမ်းက ခလယ်ဒေး၊ မယ်လ၊ မော်ဖိုးကေ၊ မော်ဖားသူး၊ ပူလူးတူ၊ တခေါ်ဘီခွီး၊ တာလယ်ဗျူဟာအစရှိတဲ့ နယ်စပ် တပ်စခန်းတွေပြန်လည်ရယူဖို့အတွက်အခုလဖေဖော်ဝါရီ နောက်ဆုံးပတ်မှာ စစ်ရေးလှုပ်ရှားလာတာပါ။

ပိုင်ကျုံမြို့အနီးက စစ်ရေးအခြေအနေကြောင့် အနီးအနားကျေးရွာတွေ ကဒေသခံတွေဟာ ဘေးလွတ်ရာဆီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထိုင်း -မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ၊ဒေါနတောင် အရှေ့ဘက်ကခြေကုပ်တပ်စခန်းတွေကို KNU က ထိုးစစ်ဆင်ရာမှာစစ်ကောင်စီတပ်ကလက်လွှတ်ထားခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ ( ၇ ) ဆီရောက်သွားတဲ့ နယ်စပ်စခန်းကိုရဖို့ စစ်ရေးလှုပ်ရှားလာနေသလို မြဝတီမြို့တောင်ဘက်တပ်မ ဟာ (၆) နယ်မြေကိုစိုးမိုးနိုင်ဖို့အတွက် လည်း ထိုးစစ်ဆင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။