Connect with us

Hi, what are you looking for?

သတင်း

ခေါဇာမြို့ စျေးရှေ့ကင်းလှည့်နေတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခေါဇာမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ညီနောင်တပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

(မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - MSRF)

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ခေါဇာမြို့မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ညီနောင်တပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၄ရက်ညပိုင်းက ခေါဇာမြို့ ခေါဇာ‌ ဈေးကြီး‌ရှေ့ မှာ ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို ညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နဲ့ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း/အမှတ် (၈၀၀၂) တို့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

မနေ့ည ၈နာရီမှာ စတင်ခဲ့ပြီး မိနစ် ၂၀ကြာခဲ့တဲ့ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ၂ဦးသေဆုံ၊ ၂ဦး ဒဏ်ရာရပြီး တော်လှန်ရေးတပ် ရဲဘော်တွေ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးတွေ ဆက်တိုက်ရှိနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒေသတွင်း စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ MSRF ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်ထံ ဆက်သွယ်ထားပြီး အဆက်အသွယ် မရသေးပါဘူး။

MSRFနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ် ရေးမြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး တွေ ဖော်ဆောင်ခဲ့ပါသေးတယ်။

ဇရပ်မြိုနယ်ရှိ အနင်းကျေးရွာရဲစခန်း ကို ဖေဖော်ဝါရီ ၂၁ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၂၂ရက်နဲ့ ၂၃ရက်တွေမှာ ရေးမြို့နယ် နှစ်ကရင်ရွာနဲ့ အောင်သပြေရွာအနီး အင်အား ၁၅၀နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၅ဦးသေဆုံးခဲ့သလို တော်လှန်ရေး ရဲဘော် ၂ဦးလည်း ကျဆုံးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။

စစ်ဆင်ရေးမှာ ပါဝင်တဲ့ တပ်တွေကတော့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ရေးပျောက်ကျားတပ်(YGF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) နဲ့ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ၊ တပင်ရွှေထီးတပ်တို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။