Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ-နဘူးအိုင်-မြို့သာလမ်းပိုင်း စစ်တပ် စစ်ကြောင်းထိုးနေ

မန္တလေးတိုင်းမှာစစ်ရေးအရ အရေးပါတဲ့ မြင်းခြံ-နဘူးအိုင်-မြို့သာလမ်းပိုင်းကို စစ်တပ်က နှစ်ဖက်ညှပ်စစ်ကြောင်းထိုးနေပြီး ဒရုန်းနဲ့ဗုံးကြဲတာ တွေကြောင့် ဒေသခံပြည်သူ သေဆုံးမှုတွေ ရှိတယ်လို့ မြင်းခြံ မြို့နယ်၊ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ-၂၆၊၂၀၂၆၊ရှိန်း/ People’s Spring

မန္တလေးတိုင်းမှာစစ်ရေးအရ အရေးပါတဲ့ မြင်းခြံ-နဘူးအိုင်-မြို့သာလမ်းပိုင်းကို စစ်တပ်က နှစ်ဖက်ညှပ်စစ်ကြောင်းထိုးနေပြီး ဒရုန်းနဲ့ဗုံးကြဲတာ တွေကြောင့် ဒေသခံပြည်သူ သေဆုံးမှုတွေ ရှိတယ်လို့ မြင်းခြံ မြို့နယ်၊ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ရက် မနေ့မနက်ပိုင်းမှာ မြို့သာက နေ (၁၂)ဘီးကားတစ်စီး၊ ဖောကားတစ်စီး၊Light Truck တစ်စီးနဲ့ နဝရတ်ကျွဲစိမ်ကနေ ခြေလျင် စစ်ကြောင်း တွေထိုးလာတာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၆ရက် မနက်မှာ ညောင်ဝန်း(ကံလှ)ကျေးရွာကို မီးရှို့နေပြီး ချောင်းလယ်ရွာဘက် ဆက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရွာတွေဟာ မြင်းခြံနဲ့ ငါးဇွန်မြို့နယ်အစပ် မြင်းခြံ- နဘူးအိုင်- မြို့သာလမ်းပိုင်းက ကျေးရွာ တွေလို့ သိရပါတယ်။

“ညကလည်း ဟောင်ဝစ်ဆာ တွေနဲ့ မြင်းခြံ ခမရ၁၅ကလည်းပစ်တယ်။မြို့သာကလည်းပစ်တယ်အဲဒီဘက်ကို။ပြီးတော့ ဒရုန်းတွေချတယ်။ ဒရုန်းဗုံးတွေ ဒရုန်းကတော့ ဆက်တိုက်ချတာ။ဒရုန်းက ၅စီးလောက်နဲ့ အပြန်အလှန်ကို ဆက်တိုက်ချတာ”လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မနေ့ကလည်း ဒရုန်းနဲ့ ဗုံးကြဲခံရမှုမှာ ငါးဇွန် မြို့နယ် ရွာစိုက်ကျေးရွာက ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းဟာ ငါးဇွန်မြို့နယ်က နဘူးအိုင်ကျေးရွာကို ဦးတည် စစ်ကြောင်းထိုးနေပြီး�နဘူအိုင်ရွာအနီးက ရွှေဘုံသာရွာအထိ ဒီနေ့ ရောက် နေတယ်လို့ သိရပါတယ်။

တဖက်မှာလည်း နွားထိုးကြီးမြို့နယ်ကို ထိုးနေတဲ့ စစ်ကြောင်းဟာလည်း ဂတောင်း၊ကျောက်တန်း ၊ပဲကြီးခင်းကနေတဆင့် မြင်းခြံမြို့နယ်ထဲရောက်လာပြီး မနေ့က နဘူးအိုင်ရွာထဲကို ဒရုန်းတွေဆက်တိုက်ချလာတယ်လို့ သိရပါတယ်။အဲဒီစစ် ကြောင်းဟာ နွားထိုးကြီးမြို့နယ်ထဲ ပြည်သူ့ ဆေးရုံကို ဖောက်ခွဲခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

နဘူးအိုင်- မြို့သာလမ်းပိုင်းဟာ စစ်တပ်အထိုင် ချထားတဲ့ မြို့သာကနေ ဆီမီးခုံဆိပ်ကမ်းကို သွားနိုင်သလို မြင်းခြံ- တံတားဦးလမ်းလည်း ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် ကုပ်ကဲရွာအနီးကစက်မှုသင်တန်း ကျောင်းကိုသွားတဲ့လမ်းလည်းဖြစ်တယ်လို့ သိရပါတယ်။ဒီလမ်းနဲ့ အရေးပါတဲ့ နေရာ တွေကို တော်လှန်ရေး တပ် တွေ ထိန်းထားတာ နှစ်ချီနေပြီး စစ်တပ်က ယခုအပြင်းအထန် ထိုးစစ်ဆင်နေတာလို့ သိရပါတယ်။

ဒီစစ် ဒကြောင်းတွေကြောင့် နွားထိုးကြီး ၊မြင်းခြံ၊ငါးဇွန်က ကျေးရွာ ၃၀နီးပါးက ပြည်သူတွေရှောင်တိမ်းနေရပြီး စစ်တပ်က ကျေးရွာတွေကို ဟောင်ဝစ်ဆာတွေနဲ့ ပစ်ခတ်နေတာမို့ ပြည်သူ တွေမထိခိုက်ပေမယ့် နေအိမ်နဲ့ တိရိစ္ဆာန်သေဆုံးမှု တွေလည်း ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။