Connect with us

Hi, what are you looking for?

သတင်း

လေးရက်အတွင်း KIAထိန်းချုပ်နယ်မြေကနေရာ ၂၀ကျော်ကို စစ်တပ်ဗုံးကြဲ

(ဖေဖော်ဝါရီ ၂၂ရက်ညက မိုင်ဂျာယာန်အနီး ဘွမ်ကထောင်ကျေးရွာကို စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှု။ ဓာတ်ပုံ − ပေးပို့)

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေ အတွင်းကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့ရာ လေးရက်အတွင်း နေရာ ၂၄ နေရာကို ဗုံးကြဲခဲ့တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ရက်နေ့ကနေ ၂၄ ရက်နေ့အထိ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအခြေအနေကို ဗိုလ်မှူးကြီးနော်ဘူက ပြောပြတာပါ။

ဒီလို လေကြောင်းတိုက်ခိုက်ရာမှာ KIA တပ်မဟာ(၁)၊ တပ်မဟာ(၂) နေရာအချို့မှာသာ KIA တပ်စွဲထားတဲ့ နေရာတွေ တိုက်ခိုက်ခံရတာဖြစ်ပြီး အများစုက အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“တခြားနေရာမှာတော့ပြည်သူလူထုရှိတဲ့ရွာတွေ အိမ်တွေမှာဗုံးကျဲတာရှိပါတယ်။ ဗုံးကြဲတဲ့နေရာ ၂၁ရက်နေ့ကနေ၂၄ရက်နေ့အထိဘယ်နှစ်ဆယ့်လေးနေရာ ဗုံးကြဲတာရှိပါတယ်။ ပြည်သူလူထုထိခိုက်တာ သေဆုံးသွားတာ ဒဏ်ရာရတာတွေ အဆောက်အဦ ပျက်စီးတာတွေ အဲဒီ ဒေတာတွေကတော့ မရသေးပါဘူး”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသသတင်းရင်းမြစ်အချို့ရဲ့ အသိပေးချက်အရ စစ်တပ် လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၀ရက်မှာ မြစ်ကြီးနားလေဆိပ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး KIA၊ PDF တပ်တွေကို စွပ်စွဲထားကာ ပြင်းပြင်းထန်ထန် တုန့်ပြန်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ လေဆိပ်တိုက်ခိုက်မှုကို လုပ်ဆောင်ခြင်းမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ KIAမှာ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်မှု မလုပ်ခဲ့သလို နောင်လည်း လုပ်မှာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီနဲ့ နောက်လိုက်တွေက KIA ကို လေကြောင်းဗုံးကြဲဖို့ တပြိုင်တည်း ဝါဒဖြန့် နှိုးဆော်နေတာတွေရှိသလို မနက်ဖြန် ဖေဖော်ဝါရီ ၂၇ရက်မှာလည်း မြစ်ကြီးနားမြို့မှာ KIA ကို ဆန္ဒပြဖို့ စစ်ကောင်စီဘက်က စီစဉ်နေတယ်လို့ ဒေသခံအချို့နဲ့ ကချင်စစ်ဘက် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook