Connect with us

Hi, what are you looking for?

သတင်း

TNLAနဲ့ MNDAA တင်းမာမှု ပြေလည်ပြီလို့ ဒေသခံတွေပြော

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်TNLAနဲ့ ကိုးကန့်တပ်MNDAA တင်းမာမှု နှစ်ဘက် ခေါင်းဆောင်တွေဆွေးနွေးညှိနှိုင်းပြီး ပြေလည်မှုရပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်TNLAနဲ့ ကိုးကန့်တပ်MNDAA တင်းမာမှု နှစ်ဘက် ခေါင်းဆောင်တွေဆွေးနွေးညှိနှိုင်းပြီး ပြေလည်မှုရပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်-၂၊ ၂၀၂၆။ People’s Spring

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်TNLAနဲ့ ကိုးကန့်တပ်MNDAA တင်းမာမှု နှစ်ဘက် ခေါင်းဆောင်တွေဆွေးနွေးညှိနှိုင်းပြီး ပြေလည်မှုရပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူထားတဲ့ ကွတ်ခိုင်မြို့မှာ TNLAနဲ့ MNDAA တို့ ဖေဖော်ဝါရီ ၁၃ရက် ညကစပြီး တင်းမာခဲ့တာပါ။ ပစ်ခတ်မှုအသေးစားဖြစ်ခဲ့သလို ထိုးကြိတ်တာ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဖမ်းဆီးတာတွေလည်း ရှိခဲ့ပါတယ်။ မတ်လ ၁ရက်မနေ့မှာတော့ TNLAနဲ့ MNDAAနှစ်ဘက် ခေါင်းဆောင်တွေဆွေးနွေးညှိနှိုင်းခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြို့နဲ့ မြို့ပတ်ဝန်းကျင်မှာက TNLAရော MNDAAရော အများကြီးရှိနေပြီး နှစ်ဘက်စလုံးက ခွဲဝေ အုပ်ချုပ်မယ်လို့ သိရကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ သူတို့ချင်း အဆင်ပြေပြီလို့လည်း အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကွတ်ခိုင်မြို့ကို သိမ်းယူပြီးတဲ့နောက် TNLAရော၊ MNDAAပါ ထိန်းချုပ်ထားပြီး နှစ်ဖက်စလုံးက အုပ်ချုပ်ရေးယန္တရားတည်‌ ဆောက်ခဲ့ကြတာပါ။ သိန္နီ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ မုံးကိုးခရိုင်တွေကို ခရိုင် (၄) ခု၊ မြို့တော် (၁) ခုပါဝင်တဲ့ အထူးဒေသ(၁)အဖြစ် MNDAAက ဖွဲ့စည်းထားပါတယ်။TNLAကလည်း တပ်မဟာ(၅)စစ်ဒေသအဖြစ် ကြေညာထားပါတယ်။

TNLAနဲ့ MNDAA တင်းမာမှု ပြေလည်ပြီလို့ ဒေသခံတွေပြော မတ်-၂၊ ၂၀၂၆။ People's Spring ရှမ်းပြည်နယ် မြောက်ပိုင်း…

Posted by People's Spring on Monday 2 March 2026

ဖေဖော်ဝါရီ ၁၃ရက် ညက စတင်ခဲ့တဲ့ နှစ်ဘက်တင်းမာမှုကို ၂ပတ်ကျော်အကြာမှာ ညှိနှိုင်းနိုင်ပြီလို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးက တရားဝင်သတင်းမထုတ်ပြန်သေးသလို ဒေသခံပြည်သူလူထုကိုလည်း ရှင်းပြတာမရှိသေးတဲ့အတွက် စိုးရိမ်မှုတွေကတော့ ရှိနေဆဲလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတစ်ဦးက အဲဒီဒေသမှာ စစ်ကောင်စီရဲ့ အန္တရာယ်ကိုပါ စိုးရိမ်နေရတာကြောင့် TNLA နဲ့ MNDAA တို့ကို အရမ်းပြေလည်စေချင်ကြောင်း နဲ့ လက်ရှိမှာ နေရထိုင်ရတာ နောက်ကြောင်းမအေးကြောင်း ပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီကလည်း ကွတ်ခိုင်မြို့ကိုတရုတ်အစိုးရအကူအညီနဲ့ ပြန်တောင်းနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။