Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ်မှာစစ်ကြောင်းထိုးလို့ ပြည်သူ ထောင်ဂဏန်းအရေးပေါ်တိမ်းရှောင်ရ

စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ် ၊အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းသုံးပြီး မတ်လ ၇ ရက်က စတင်ကာ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ သုံးထောင်ဝန်းကျင် ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အာဏာမသိမ်းခင် နှစ်ပိုင်းအလိုက စစ်ကောင်စီတပ် ရဲ့စစ်ရေးလေ့ကျင့်ခန်း(ပုံဟောင်း)

မတ် – ၈ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ် ၊အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းသုံးပြီး မတ်လ ၇ ရက်က စတင်ကာ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ သုံးထောင်ဝန်းကျင် ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ယင်းမာပင်မြို့နယ် ၊ ဘန့်ဘွေး ရွာကတဆင့် အနီးဝန်းကျင်က ရွာတွေကို မတ်လ ၇ ရက်မနက်ပိုင်းကစတင်ပြီး စစ်ကြောင်းထိုးတာလို့သိရပါတယ်။

“ သူတို့ (စကစ)လူအင်အား အတော်များတယ် ကား၁၀ စီးကျော်မယ်ထင်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘန့်ဘွေးရွာကို စစ်ကားတွေရောက်လာချိန်မှာပဲသတင်းအရ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာ ငါးရွာထက်မနည်းက ပြည်သူတွေ ထွက်ပြေးကြရတာလို့ အဲဒီဒေသခံက အသိပေးပါတယ်။

အဲဒီစစ်ကားတွေဟာ စစ်ကောင်စီတပ်ရဲ့ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကထွက်ခွာလာတာဖြစ်ပြီး မုံရွာ-ယာကြီး-ကလေး လမ်းအတိုင်းဘန့်ဘွေးရွာကို ရောက်ရှိလာတာလို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်အတွင်းက ထန်းဇင်ရွာ၊ မယ်စောတောတိုက်၊ ကံစုရွာ၊ ကြက်လျှာရွာ၊ တရော်ကျင်းရွာ၊ နာဘူးတောရွာ စတဲ့ကျေးရွာတွေက ဒေသခံ ထောင်ဂဏန်း စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိသေးဘူးလို့သိရပါတယ်။

ဒါ့အပြင် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီမှာတပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကလည်း ယင်းမာပင်နယ်ထဲက တည်ပင်ကန်ရွာအနောက်ခြမ်းကိုစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာအများအပြားရှိနေပြီး စားနပ်ရိက္ခာများလိုအပ်နေသည်။

သတင်း

အင်းအား ၁၀၀ခန့်ပါစစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်မြို့နယ် ဘန့်ပွေးပျုရွာမှ မေလ ၁၁ရက်တွင် ထွက်လာပြီး ကနီနှင့်ယင်းမာပင်နယ်စပ်နေရာများကို စစ်ကြောင်းထိုးသဖြင့် ​ဒေသခံများထွက်​ပြေးတိမ်း​ရှောင်နေရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

သတင်း

ယမန်နေ့ (မတ်လ ၃၀ရက်) နံနက် ၂နာရီဝန်းကျင်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာရှိ စစ်ကောင်စီတပ်သားနှင့်ပျူများကို ယင်းမာပင်-ဆားလင်းကြီးနယ်ရှိ လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့များက တာဝေးပစ် လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၄ရက် ညနေပိုင်းက ယင်းမာပင်မြို့နယ်အရှေ့ခြမ်းသို့ စစ်ကြောင်းထိုးလာပြီး စည်လှောင်ချောင်းကျေးရွာ၌ ညအိပ်တပ်စွဲခဲ့သည်။