Connect with us

Hi, what are you looking for?

သတင်း

ကနီနှင့်ယင်းမာပင်နယ်တွင် ပြည်သူများမုန်တိုင်း​ဘေး ကြိုတင်ကာကွယ်​ရေးမလုပ်နိုင်ဘဲ စစ်တပ်စစ်​ကြောင်းထိုး၍ တိမ်း​ရှောင်​နေရ

အင်းအား ၁၀၀ခန့်ပါစစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်မြို့နယ် ဘန့်ပွေးပျုရွာမှ မေလ ၁၁ရက်တွင် ထွက်လာပြီး ကနီနှင့်ယင်းမာပင်နယ်စပ်နေရာများကို စစ်ကြောင်းထိုးသဖြင့် ​ဒေသခံများထွက်​ပြေးတိမ်း​ရှောင်နေရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ပုံစာ - ကချင်ပြည်နယ်တစ်​နေရာမှ စစ်​ကောင်စီတပ်(ပုံအ​ဟောင်းဖြစ်ပါသည်)
ပုံစာ - ကချင်ပြည်နယ်တစ်​နေရာမှ စစ်​ကောင်စီတပ်(ပုံအ​ဟောင်းဖြစ်ပါသည်)

▪︎စစ်တပ်က ၂ ရက်အတွင်း ပြည်သူ ငါးဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်းတွင် မိုခါ(မိုချာ) ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရန် လိုအပ် နေချိန်တွင် ကနီနှင့်ယင်းမာပင်နယ်စပ်၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး‌နေပြီး နှစ်ရက်အတွင်း အရပ်သားပြည်သူ ငါးဦးကို သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။

အင်းအား ၁၀၀ခန့်ပါစစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်မြို့နယ် ဘန့်ပွေးပျုရွာမှ မေလ ၁၁ရက်တွင် ထွက်လာပြီး ကနီနှင့်ယင်းမာပင်နယ်စပ်နေရာများကို စစ်ကြောင်းထိုးသဖြင့် ​ဒေသခံများထွက်​ပြေးတိမ်း​ရှောင်နေရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“နဘူးတောရွာက အမေအိုတစ်ယောက်၊ ‌နေ မကောင်းလို့ မပြေးနိုင်တဲ့သူတစ်ယောက်ကို သတ်သွားတယ်။ မဲဇယ်တောရွာက မိန်းကလေးနှစ်ယောက် ယောက်ျားလေးတစ်ယောက်ကိုလည်း သတ်သွားတယ်” ဟု ယင်းမာပင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

မေ ၁၁ရက်က နဘူးတောရွာအတွင်း စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ကြောင်းလည်း သတင်းရှိသည်။ ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ပြီး အ‌သေးစိတ်မသိသေးဟု ယင်းမာပင်ခရိုင်၊ တပ်ရင်း ၃၅ မှ ရဲဘော်တစ်ဦးကပြောသည်။ သို့သော် မဟာမိတ်တပ်ပေါင်းစုဘက်မှ KLG PDF မှ ရဲဘော်တစ်ဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် မေလ ၁၂ရက်တွင်မယ်‌ဇော‌တောရွာသို့လည်း စစ်ကြောင်းထိုးခဲ့ပြီး အမျိုးသမီးနှစ်ဦးအမျိုးသားတစ်ဦးကို ဖမ်းဆီးကာ သေနတ်ဖြင့်ပစ်သတ်သွားသည်ဟု အဆိုပါရဲဘော်ကပြောသည်။

လတ်တလော ရာသီဥတုအခြေအနေနှင့်ပတ်သက်၍ ယင်းမာပင် မြို့မှဒေသကာကွယ်ရေးရဲဘော်တစ်ဦးက “မုန်တိုင်းသတ်ပေးချက်တွေကို ကျွန်တော်တို့ ပြည်သူတွေကို ပေးနေပါတယ်။ ‌မနေ့က တစ်ညလုံးလည်း မိုးအရမ်းမသည်းပေမယ့် ရွာနေတာပါပဲ။ စစ်ကြောင်းကပါ ဝင်နေတော့ အဲ့ဒီ စစ်ကြောင်းကိုပါ သတိထား‌နေရတဲ့ ပုံစံပါ”ဟုပြောသည်။

အဆိုပါ စစ်ကြောင်းသည် မေလ ၁၂ရက်ညက တွင်းရာမဘုန်းကြီးကျောင်းဝငအတွင်း တပ်စွဲခဲ့ပြီး ယနေ့ နံနက်တွင် တွင်းရာမရွာအနောက်ဘက်တွင် စစ်ကြောင်းထိုးနေကြောင်းသတင်းရရှိသည်။

ယခုအခါ ဘင်္ဂလားပင်လယ်အော်ရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် အားအလွန်ပြင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ရခိုင်ပြည်နယ်ကမ်းရိုးတန်းနှင့် လင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းထိစပ်ဒေသကို မေ ၁၄ရက်နေ့လည်တွင် ဝင်ရောက်နိင်ကြောင်း အိန္ဒိယမိုးလေဝသဌာနအပါအဝင်နိုင်ငံတကာ မိုးဇလဌာနများကသတိပေးထားသည်။ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည်ကမ်းရိုးတန်းကိုဖြတ်သန်းပြီးနောက် မကွေး၊ စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့ကိုကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်ကြောင်း သတိပေးထားသည်။

ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။