Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်အပြင် ဖိုဝါဒ နဲ့ ဖိနှိပ်မှုမှန်သမျှလည်း ဆန့်ကျင်တော်လှန်ကြဖို့ KNDFတိုက်တွန်း

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။

(KNDFမှာပါဝင်နေကြတဲ့ အမျိုးသမီးရဲဘော်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

မတ် -၈၊၂၀၂၆။မိုမို/People’s Spring

စစ်အာဏာရှင်စနစ်အပြင် ဖိုဝါဒနဲ့ ဖိနှိပ်မှုမှန်သမျှကိုလည်း ဆန့်ကျင်တော်လှန်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၈ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။

ဒီကနေ့(မတ်လ ၈ ရက်)မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်နေ့မှာ အထက်ပါ ထုတ်ပြန်တာဖြစ်ပါတယ်။

KNDF တပ်အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မတူကွဲ ပြားအမျိုးသမီးအားလုံးကို ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ဂုဏ်ပြုတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးတွေ အားလုံးဟာ လူ့အသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး၊ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုတည်ဆောက်ရေးလုပ်ငန်းတွေမှာ အရေးပါတဲ့အခန်းကဏ္ဍ ကနေပါဝင်နေကြတယ်လို့လည်း အသိပေးပါတယ်။

“KNDF မှာ အမျိုးသမီးတွေ က တပ်ဖွဲ့စည်းပုံတိုင်းရဲ့ ငါးပုံတစ်ပုံအနည်းဆုံးရှိတယ်။ရှေ့တန်းရော၊နောက်တန်းမှာပါ ရှိတယ်”လို့ KNDF ရဲဘော်တစ်ဦးက ပြောပါတယ်။

မျက်မှောက်ခေတ်တော်လှန်ရေးမှာ အခန်းကဏ္ဍ အသီးသီးမှာပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ရဲစွမ်းသတ္တိရှိမှုနဲ့ လူသားဆန်မှုကိုထင်ဟပ်စေတယ်လို့ဆိုပါတယ်။

မတူကွဲပြားတဲ့အမျိုးသမီးတွေက ဒီကနေ့အထိ ဖိုဝါဒရဲ့ဖိနှိပ်မှုစနစ်ထဲက လူမှုစံနှုန်းသတ်မှတ်ချက်တွေကိုလည်း ရဲရဲဝံ့ဝံ့တော်လှန်နေကြတယ်လို့ KNDFက ဖော်ပြပါတယ်။

ဒါ့အပြင် ကာကွယ်ရေးကဏ္ဍမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေက တော်လှန်ရေးခရီးကြမ်းမှာ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်ရေး ဖိုဝါဒနဲ့ ဖိနှိပ်မှုတွေကို တွန်းလှန်နေကြတယ်လို့ အသိပေးပါတယ်။

လူသာဆန်မှုနဲ့ လူ့ဂုဏ်သိက္ခါကို အလေးထားတဲ့ လူ့အသိုင်းအဝိုင်းဖြစ်လာဖို့အတွက်လည်း အားလုံးဆက်ပြီး ပူးပေါင်းကြဖို့ KNDFက တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလ ၃၁ရက်က ဖွဲ့စည်းခဲ့တဲ့ KNDFမှာ တပ်ရင်းပေါင်း ၃၀ ကျော်ရှိပါတယ်။

၂၀၂၄က KNDFမှာ တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀နဲ့ အထက်ရှိတယ်လို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။