Connect with us

Hi, what are you looking for?

သတင်း

ဟားခါးမှာ ပြည်သူတွေ ငွေညှစ်တဲ့ရဲတွေကို CDF တိုက်ခိုက်၊ ရဲ ၂ဦးသေ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြည်သူတွေကို နှောက်ယှက် ငွေညှစ်တောင်းခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟားခါးက မတ်လ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

(ဟားခါးမြို့မရဲစခန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မတ်-၁၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ပြည်သူတွေကို နှောက်ယှက် ငွေညှစ်တောင်းခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) ဟားခါးက မတ်လ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

CDFဟားခါးရဲ့ ထုတ်ပြန်ချက်မှာ ပစ်ခတ်မှု ပြုလုပ်ခဲ့တဲ့ နေရာနဲ့ အချိန်ကို ဖော်ပြမထားပေမယ့် The Voice of Chinland ရဲ့ သတင်းဖော်ပြချက်မှာ မတ်လ ၁၁ရက်က ဟားခါးမြို့ ပြည်တော်သာ ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

” ပြည်သူများအား နှောက်ယှက်၍ ငွေညစ်တောင်းခံနေသော ရဲတပ်ဖွဲ့ဝင်များကို ‌ဆိုင်ကယ်များစစ်ဆေးငွေ‌ညစ်နေစဥ် ကျွန်တော်တို့ CDF-Hakhaမှ ‌ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်” လို့ CDF ဟားခါးက ထုတ်ပြန်ပါတယ်။ အဲဒီဖြစ်စဉ်မှာ ရဲ ၁ဦး နေရာမှာသေဆုံးပြီး ဒဏ်ရာရသူ ၂ဦးထဲက တစ်ဦးဟာ ထပ်မံသေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုအား မတရားနှောက်ယှက်ခြင်း၊ ငွေညစ်တောင်းခံခြင်းများ ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေ နောက်တကြိမ်ထပ်မလုပ်ဖို့ သတိပေးကြောင်းလည်း CDF ဟားခါးက ထုတ်ပြန်ခဲ့ပြီး မတရားလုပ်ရပ်တွေ ဆက်လုပ်ရင် ထိရောက်တဲ့ အရေးယူမှုလုပ်မယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူများအနေဖြင့်လည်း မတရားညှဉ်းပန်းနှောက်ယှက်မှုများကို သတိထားဖို့ လုံခြုံရေးကို ဂရုပြုကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

Facebook