Connect with us

Hi, what are you looking for?

သတင်း

ဖိုလ်ဝင်တောင်ကို ဗုံးကြဲလို့ ပြည်သူ ၂ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်ဒေသကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ရဲ့တိုက်​လေယာဥ်တစ်စီး။ဓာတ်ပုံ-CJ)

မတ်-၁၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်ဒေသကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မတ်လ ၁၂ ရက်၊ မနက် ၉ နာရီခန့်က မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၃စီးနဲ့ ဖိုလ်ဝင်တောင်ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးထက်မနည်းသေဆုံးပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

“တစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ဘာတိုက်ပွဲမှမရှိပါဘူး။ ပြည်သူတွေပဲရှိတဲ့နေရာကို ကြဲသွားတာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဖိုလ်ဝင်တောင်ဒေသကို မှီခိုနေတဲ့ မျောက်တွေလည်း ထိခိုက်သေဆုံးကြောင်း သိရပါတယ်။

ဖိုလ်ဝင်တောင်ဒေသဟာ စစ်တပ်အာဏာသိမ်းကာလမှာ ဘုရားဖူးဧည့်သည်တွေ မလာတော့တာကြောင့် အဲဒီဒေသကိုမှီခိုနေတဲ့ မျောက်တွေပါ အစာရေစာရှားပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ အတွင်းမှာတော့ ဒေသတွင်း ဧည့်သည်အချို့ ပြန်လည်လာရောက်ခဲ့ကြပြီးနောက် အနည်းငယ်စည်ကားလာချိန် စစ်တပ်က ဗုံးလာကြဲခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

နမခက ဂျိုင်ရိုကော်ပတာတွေဟာ မုံရွာမြို့နယ်အပြင် ချောင်းဦး၊ ​မြင်းမူ၊ ဘုတလင်၊ ဆားလင်းကြီးနဲ့ ယင်းမာပင်ဒေသတွေအထိပတ်ပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook