Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့အနောက်ခြမ်းမှာတိုက်ပွဲစစ်တပ်အထိနာ

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

မိုးကုတ်-မိုးမိတ်​ဒေသတိုက်ပွဲမှာစစ်တပ်ထံမှာသိမ်းဆည်းရရှိခဲ့တဲ့ ကင်း​ထောက်ဒရုန်းနဲ့ PDF တပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-NUG/MOD

မတ်-၁၃၊၂၀၂၆။ရှိန်း/ People Spring’s

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

မတ်လ ၁၂ရက် နေ့၊ မိုးကုတ်မြို့အနောက်ခြမ်းက ကျောက်ဆင်ရွာအထိ စစ်သား၁၅ ယောက်ခန့် ကျွံဝင်လာတာမို့ တော်လှန်ရေးတပ် တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာပါ။

“ဒီဘက်က နေဝိုင်းပြီး ပိတ်ဆို့တိုက်ခိုက်တာခံရတဲ့အတွက် သူတို့အနေနဲ့ဒဏ်ရာရ လူနာနဲ့ အလောင်းတွေဆွဲပြီး ထွက်ပြေးသွားရတာ တွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှိတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် စစ်တပ်က မိုးကုတ် ဆေးရုံကြီးနဲ့ အောင်နန်းရပ်ကွက်က ကုဋေဌေး ဆေးခန်းမှာ ကား တွေနဲ့ ဒဏ်ရာရ သေဆုံး တွေ ဆေးလာကုတာ တွေရှိတယ်လို့ သိရပါတယ်။

“၇ဦး လောက် သေဆုံးမြင်ခဲ့ရတယ်”လို့ မျက်မြင်တွေ့သူတဦးရဲ့ ပြောကြားချက်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပြပါတယ်။

မတ်၁၃ရက်​နေခင်းပိုင်းအထိမိုးကုတ်မြို့ အနောက်
ဘက်မှာ ပစ်ခတ်သံတချို့ မကြာခဏ ကြား နေရပြီး ထိတွေ့ တိုက်ပွဲ တချို့ရှိ နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်က တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုနဲ့ ၂၀၂၅
ခုနှစ် နိုဝင်ဘာလ၂၉ ရက်နေ့မှာ TNLAတပ်ဖွဲ့ဆီက​နေ မိုးကုတ်မြို့ကို ပြန်လည်လွှဲ​​ပြောင်းယူခဲ့တာပါ။

တော်လှန်ရေး တပ်တွေပါ မြို့တွင်းကဆုတ်ပေးခဲ့ရ​ပေမယ့် မြို့အပြင်မှာတော့ နိုဝင်ဘာလ၃၀ ရက်ကတည်းက စစ်တပ်ကို ဆက်တိုက် တိုက်ခိုက်နေတာဖြစ်ပါတယ်။လတ်တ​လောမှာ မိုးကုတ်မြို့အ​နောက်ပိုင်းမှာတိုက်ပွဲ​တွေအဓိကဖြစ်​နေတာပါ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။