Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ပြိုကျ လူ ၅ဦးထက်မနည်း ပျောက်ဆုံး၊ ကယ်ဆယ်ရေးလုပ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီကျေးရွာမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခု ပြိုကျပြီး လူ ၅ဦးမနည်းမြေပိသွားပြီးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ ဧပြီအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CAfT

မတ်-၁၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီကျေးရွာမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခု ပြိုကျပြီး လူ ၅ဦးမနည်းမြေပိသွားပြီးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။

ဒီနေ့ မတ်လ ၁၇ရက် ညနေ ၃နာရီခွဲခန့်မှာ ပြိုကျတာဖြစ်ပါတယ်။

” ပါသွားတာ ၅ယောက်အနည်းဆုံးပဲ။ အခုက ဆွဲထုတ်နေတယ်။အသက်ရှင်လျက်ရဖို့ မလွယ်ပါဘူး”လို့ မှော်စီကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြေပြိုကျတဲ့အထဲပါသွားသူတွေရဲ့မိသားစုဝင်တွေက ကယ်ဆယ်ရေးလုပ်နေတဲ့နေရာမှာ လာစောင့်နေကြတယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ရက်နဲ့ ၂၁ရက်မှာလည်း ကျောက်စိမ်းလုပ်ကွက်အတွင်း မြေပြိုကျခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ရက်က လုံးခင်းကျေးရွာအုပ်စု၊ မဒဲန်ယာန်ရွာက မြေပြိုမှုမှာ အမျိုးသား ၄ဦးပါသွားပြီး ချက်ချင်းကယ်ဆယ်ရေးတွေလုပ်ခဲ့လို့ ၂ဦးကို အသက်ရှင်လျက် ပြန်ကယ်နိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ရက် ညကလည်း ဖားကန့်မြို့နယ် က ကုဋေမှော်မြေစာပုံပြိုကျလို့ ရေမဆေးရှာသူတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

သေဆုံးသူ ၂၀ဦးကနေ ၅၀ကြားအထိရှိနိုင် တယ် လို့ ဒေသခံတွေကပြောခဲ့ပေမယ့် ရှာဖွေကယ်ဆယ်ရေးကောင်းကောင်းမလုပ်နိုင်ခဲ့သလို ထိခိုက်သေဆုံးသူစာရင်းအတိအကျလည်း မသိကြရပါဘူး။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက စွန့်ပစ်ထားတဲ့ မြေစာပုံတွေမှာ ကျောက်ရှာကြတဲ့ ရေမဆေးသမားတွေ သ်ိိန်းချီရှိပါတယ်။

ကျောက်စိမ်းတူးဖော်၏ လုပ်ကွက်တွေမှာ ဝန်ထမ်းအနေနဲ့ လုပ်ကိုင်သူတွေလည်းရှိပါတယ်။ မြေစာပုံပြိုကျမှုတွေ၊ လုပ်ကွက်မြေပြိုမှုတွေကြောင့် လူသေဆုံးမှုတွေလည်း မကြာခဏဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။