Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ မွေးကင်းစကလေးငယ်တစ်ဦးအပါအဝင် ၂ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ /ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြောင်မြို့နယ်က နဘက်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TGR

​မတ်-၂၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က နဘက်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ မွေးကင်းစ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ /ဦး သေဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့ မနက် ၁၁နာရီခွဲခန့်က တံတားဦးလေတပ်က တက်လာတဲ့ တိုက်လေယာဉ်တစ်စီးဟာ နဘက်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ရာ မွေးကင်းစအရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန်ကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် အသက်(၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦးလည်း ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့ကြောင်း မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

“၇ယောက်ထိပါတယ်။ ရက်သား ကလေးငယ် ၁ ယောက် နေရာမှာတင် သေသွားပါတယ်။ အသက် ၃၀ကျော် ၄၀ဝန်းကျင် အစ်မကြီး တစ်ယောက် ဆေးရုံရောက်ရောက်ချင်း သေသွားပါတယ်။

Public Service Announcement

Public Service Announcement

ကျန်ရှိတဲ့ ဒဏ်ရာရပြည်သူ ၅ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေရှိကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိနေအိမ် ၅လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ယခုတိုက်ခိုက်မှုဟာ ဒေသတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများရှိရာ ကျေးရွာအတွင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

နဘတ်စံပြကျေးရွာဟာ ယခင်ကလည်း မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။