Connect with us

Hi, what are you looking for?

သတင်း

သာယာ၀တီခရိုင် တပ်ရင်း(၁)နဲ့ ထားဝယ်ခရိုင် တပ်ရင်း(၂)က စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးကြုံနေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင် တပ်ရင်း(၁)က ထုတ်ပြန်ထားသလို ထားဝယ်ခရိုင် တပ်ရင်း(၂) ကလည်း စစ်ဘေးရှောင်ပြည်သူများသို့ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားပါတယ်။

မတ်-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် စစ်ဘေးကြုံနေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင် တပ်ရင်း(၁)က ထုတ်ပြန်ထားသလို ထားဝယ်ခရိုင် တပ်ရင်း(၂) ကလည်း စစ်ဘေးရှောင်ပြည်သူများသို့ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း အသိပေးထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ရှားစေးဖိုကျေးရွာနဲ့ ဖလံပင်ကျေးရွာအတွင်းရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်စဉ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံ ပြည်သူတွေ စားနပ်ရိက္ခာ လိုအပ်နေတဲ့အပေါ် ကူညီပေးခဲ့တာလို့ သာယာ၀တီခရိုင် တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။

စစ်ရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာလိုအပ်ခက်ခဲနေမှုကို ဒေါင်းညီနောင်အဖွဲ့က ဦးစီးကျင်းပသော “ဂီတနှင့်အတူစစ်ရှောင်ကူ” ဂီတဖျော်ဖြေပွဲမှ ထောက်ပံ့အလှူငွေ ကျပ်သိန်း ၂၀၊ အမျိုးသားညီညွတ်ရေးအစိုးရ လူသားစာနာ‌ ထောက်ထား‌ရေး ဦးစီဌာနက ၃၆ သိန်း စုစုပေါင်း ၅၆ သိန်းကျပ်တိတိ အသုံးပြုပြီး လူထုတွေကို ဆန်ရိက္ခာ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂၆ရက်မှာ သာယာ၀တီခရိုင် တပ်ရင်း(၁၀ စစ်ထောက်လှမ်းရေးအရာရှိ၊ ပြည်သူလူထုလုံခြုံရေးအရာရှိနဲ့ တပ်ခွဲ(၃)ရဲဘော်တွေက စစ်ရှောင်မိသားစု (၆၂)စုကို မိသားစုတစ်စုလျှင် ဆန်(၁၀)ပြည် တစ်အိတ်နှုန်း ပေးအပ်ခဲ့ကြောင်း ဖော်ပြပါတယ်။

မတ်လ ၂၇ရက်မှာလည်း စစ်ရှာင်မိသားစု ၈၀ကို ဆန်(၁၀)ပြည်တစ်အိတ်နှုန်းထောက်ပံ့ခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြ အသိပေးပါတယ်။

ထားဝယ်ခရိုင် တပ်ရင်း(၂)ရဲ့ ထုတ်ပြန်ချက်မှာတော့ အသေးစိတ် အချက်အလက်တွေဖော်ပြမထားဘဲ စားနပ်ရိက္ခာ၊ ဆေးဝါး အပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းပါ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။