Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စက်သုံးဆီ တန်းစီနေသူတွေကို စစ်အုပ်စု ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေသိမ်းခြိမ်းခြောက်နေ

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေတဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုဝင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေပါရင်သိမ်းကာ ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

( စက်သုံးဆီဆိုင်တစ်ခုတွင် တန်းစီနေသော ဆိုင်ကယ်များအား ဝင်ရောက်စစ်ဆေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

မတ်-၃၁၊ ၂၀၂၆။မေရီ/People’s Spring

မန္တလေးမြို့ရှိ စက်သုံးဆီဆိုင်တွေမှာ တန်းစီနေတဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုဝင်တွေက ဝင်ရောက်စစ်ဆေးပြီး ဆီဘူးတွေပါရင်သိမ်းကာ ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့က စက်သုံးဆီဆိုင်တွေမှာ ဆီဝယ်ယူခွင့်ရဖို့ နာရီပေါင်းများစွာကြာ တန်းစီနေတဲ့ ဆိုင်ကယ်စီးနင်းသူပြည်သူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ မီးသတ်တွေက လှည့်လည်စစ်ဆေးနေကြောင်း၊ အခြားဆီဘူးအပိုတွေ ယူဆောင်လာတာကို စစ်ဆေးတွေ့ရှိပါက ဆီဖြည့်ခွင့်မပေးဘဲ တန်းစီရာကနေ ဖယ်ရှားတာ၊ ဆီဘူးတွေကို သိမ်းဆည်းတာတွေအပြင် တရားမဝင် စက်သုံးဆီသိုလှောင်မှုနဲ့ ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်သွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောပါတယ်။

“မိရင် ဆီဘူးပါသိမ်းပြီး ဆီထည့်ခွင့်မပေးဘဲ နှင်ထုတ်တာ။ တန်းနေတဲ့ အပြင်ကို ထွက်ခိုင်းတာ။ လူကိုလည်း ဆီတရားမဝင်သိုလှောင်မှုနဲ့ ဖမ်းမှာတဲ့”လို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကယ်တွေကို တစ်ကြိမ် ၄လီတာနှူန်းနဲ့ တစ်ပတ်နှစ်ကြိမ် ဝယ်ယူခွင့်ပြုထားပေမဲ့ တရုတ်ဆိုင်ကယ်အများစုဟာ ၂ လီတာကျော်ကျော်ပဲဆံ့တဲ့အတွက် ပြည်သူတွေဟာ ဆိုင်ကယ်ထဲက ဆီလက်ကျန်ကို ရနိုင်သမျှ ရေသန့်ဘူးနဲ့ ထုတ်ယူထားကြတာဖြစ်ကြောင်း၊ အဆိုပါဆီဘူးတွေကို စစ်အုပ်စုက သိမ်းဆည်းကာ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့ကလည်း မန္တလေးမြို့ရှိ ၇၈ လမ်း၊ လမ်း ၄၀နဲ့ ၄၁ လမ်းအနီးရှိ Regency စက်သုံးဆီဆိုင်တွင် ဆိုင်ကယ်သမားအချို့ရဲ့ ဓာတ်ဆီဘူးတွေကို စစ်အုပ်စုက သိမ်းဆည်းသွားကြောင်း သိရပါတယ်။

မန္တလေးမြို့မှာ အပူချိန်တွေ မြင့်တက်နေတဲ့ကြားကနေ ဆိုင်ကယ်သမားတွေဟာ စက်သုံးဆီရဖို့ တစ်နေကုန်နီးပါးတန်းစီဝယ်ယူနေရပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဆီတန်းစီခဲ့သူ အမျိုးသမီးကြီးတစ်ဦး ကွယ်လွန်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။