Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း (၅)နှစ်ကျော်ကာလအတွင်း စစ်တပ်က အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီး

​အာဏာသိမ်းပြီးနောက်ပိုင်း (၅)နှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ ၎င်းရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၂ သောင်းကျော် ပြာကျပျက်စီးခဲ့ရကြောင်း Data for Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

(မတ်လတတိယပတ်အတွင်းက မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ − CJ)

​ဧပြီ−၃၊ ၂၀၂၆/People’s Spring

​အာဏာသိမ်းပြီးနောက်ပိုင်း (၅)နှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ ၎င်းရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၂ သောင်းကျော် ပြာကျပျက်စီးခဲ့ရကြောင်း Data for Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၁ မေလမှ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်စုစုပေါင်း ၁၂၅,၃၂၈ လုံး ရှိခဲ့​ကြောင်း၊ ယင်းအနက် ၁၂၁,၄၈၅ လုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ၎င်းတို့နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းများကြောင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း Data for Myanmarရဲ့ အစီရင်ခံစာက အသိပေးပါတယ်။

ဒေသအလိုက် ကြည့်မယ်ဆိုပါက စစ်ကိုင်းတိုင်းဟာ နေအိမ် ၇၈,၈၉၆ လုံးအထိ ဆုံးရှုံးခဲ့ရပြီး တစ်နိုင်ငံလုံး မီးလောင်ကျွမ်းမှုရဲ့ ၆၃ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးတွင် ရှိနေကြောင်း၊ ၎င်းနောက်မှာ မကွေးတိုင်းက ၁၈,၅၅၂ လုံးနဲ့ ဒုတိယအများဆုံးဖြစ်ကာ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ သိသိသာသာ မြင့်တက်နေတယ်လို့ Data for Myanmar က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ၃ လတာ ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ဖေဖော်ဝါရီအတွင်း တိုင်းနဲ့ ပြည်နယ် ၆ ခုရှိ ကျေးရွာပေါင်း ၈၉ ရွာမှ နေအိမ် ၄,၇၄၈ လုံး ထပ်မံမီးရှို့ခံခဲ့ရကြောင်း၊ အထူးသဖြင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အိုင်မကျေးရွာ မှာ နေအိမ် ၅၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ၃ လတာအတွင်း ထိခိုက်မှုအများဆုံး ကျေးရွာအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Data for Myanmar ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ၂၀၂၅ ရွေးကောက်ပွဲကျင်းပဖို့ လျာထားတဲ့ ဒေသတွေမှာ လုံခြုံရေးတိုးမြှင့်ခဲ့သလို၊ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာတွေမှာ “နယ်မြေရှင်းလင်းရေး” အကြောင်းပြကာ စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

​တစ်ဖက်မှာလည်း တော်လှန်ရေးအဖွဲ့များနဲ့ စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲတွေ ပိုမိုများပြားလာတာကလည်း မီးရှို့ဖျက်ဆီးခံရမှု အခြေအနေကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ Data for Myanmar က ဆိုပါတယ်။

​ယခုထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေဟာ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ မီးရှို့မှုတွေကိုသာ အဓိကထား ဖော်ပြထားခြင်းဖြစ်ပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခြင်းနဲ့ အခြားအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ ထည့်သွင်းရေတွက်ထားခြင်း မရှိသေးဘူးလို့ Data for Myanmarက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။