Connect with us

Hi, what are you looking for?

သတင်း

မုံရွာနဲ့ စလင်းမှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေ

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တွေမှာ စစ်တပ်က တွေ့သမျှ
လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်းက စစ်မှုထမ်းအပတ်စဥ်အစောပိုင်းကာလ သင်တန်းကျောင်းသို့အပို့ခံရသည့် လူငယ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-ပသစ

​ဧပြီ-၅၊၂၀၂၆/ဟာနာဆန်/Peope’s Spring

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ မကွေးတိုင်း၊ စလင်းမြို့နယ်တွေမှာ စစ်တပ်က တွေ့သမျှ
လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​မုံရွာမြို့ပေါ်မှာ မနေ့က ဧပြီ ၄ရက် မနက် ၂နာရီခန့်က နန္ဒဝန်ရပ်ကွက်အတွင်းကို စစ်တပ် ဝင်လာပြီး လူငယ် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဒါ့အပြင် ညနေပိုင်းကလည်း စက်မှုဇုန် (၂၃) လမ်း၊ သမစိတ္တလမ်းအနီးမှာလည်း ဆိုက်တွဲမောင်းတဲ့ အမျိုးသားတစ်ဦးကိုလည်း ပေါ်တာဆွဲသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“ဆိုက်တွဲပေါ်ကနေ အတင်းအဓမ္မဆွဲချပြီး ပေါ်တာဆွဲတဲ့ ကားပေါ်တင်သွားတာ။ သူ့ဆိုက်တွဲကိုလည်း လမ်းဘေးပစ်ထားခဲ့တယ်”လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဂေါက်ကွင်းတောင်ဘက်ထိပ် ပြည်ထောင်စုလမ်းပေါ်မှာလည်း ပေါ်တာဆွဲတဲ့ကားတွေနဲ့ စောင့်ဆိုင်းကာ လူငယ်မှန်သမျှ ကားပေါ် ဆွဲတင်ဖမ်းဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

​မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း ဧပြီ ၅ရက် မနက် ၇ နာရီခန့်က တောင်ကန်ကျေးရွာအတွင်းကို စစ်တပ်စစ်ကြောင်း ဝင်ရောက်လာပြီး ကျေးရွာမှာ နွားချေးတင်နေတဲ့ အမျိုးသား ၃ ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ပြည်သူ့ညီနောင်(စလင်း)အဖွဲ့က ပြောပါတယ်။

“ပေါ်တာဆွဲတာ။ အဆွဲခံရတဲ့သူတွေက သုံးဆယ်ကျော် လေးဆယ်အရွယ်တွေပါ”လို့ အထက်ပါအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသား ၃ဦးနဲ့ ပတ်သက်ပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။

​စလင်းမြို့ပေါ်မှာလည်း စစ်တပ်က မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အမျိုးသားတွေကို ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

​တဖက်မှာလည်း ကျေးရွာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးအဖွဲ့ဝင်တွေက “စစ်မှုထမ်းကြေး” အမည်တပ်ကာ ပြည်သူများထံက ငွေကြေးတွေကို အတင်းအဓမ္မ ကောက်ခံနေကြောင်း ပြည်သူ့ညီနောင် – စလင်းအဖွဲ့က အသိပေးထားပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး ၂၀၂၄ ဧပြီကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်မှူထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီမှာ စစ်မှာထမ်းအပတ်စဉ် (၂၂) ရောက်ရှိနေပြီဖြစ်ပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ပေါ်တာဆွဲတာ၊ ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို ရောင်းစားတာ စတဲ့ လူစားထိုးမှုတွေလည်းများလာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော့သောင်းမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ် ၂ဦးနဲ့ စစ်မှုထမ်းတပ်သား ၁ဦးကို ကယ်တင်ထားတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သရော်စာ

ဒီအမှုကို ကျုပ် မပေါ်၊ ပေါ်အောင် လိုက်မယ်။ ဒါ…ပေါ့လို့မရဘူး။ကျုပ်တို့ချစ်တဲ့ တပ်မတော်ရဲ့ဂုဏ်၊ သိက္ခာ၊ သမာဓိကို ချေးလူးထားတဲ့တုတ်နဲ့ဝိုင်းထိုးနေကြတာပဲ။ ဒီတော့ ကျုပ်ထပ်ပြောမယ်။ ဒီအမှုကို ကျုပ် မပေါ်၊ ပေါ် အောင်လိုက်မယ်။ အရိုးကြေကြေ၊ အရည်ခမ်းခမ်း ဂိတ်ဖျားကနေ ဂိတ်ဆုံးအထိ လိုက်ရမှာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook