Connect with us

Hi, what are you looking for?

သတင်း

၀တပ်ဖွဲ့ ဌာနချုပ်ရှိတဲ့ပန်ဆန်းမြို့ပြင်မှာ ယမ်းသို​လှောင်ထားတဲ့စက်ရုံ မီးလောင်ပေါက်ကွဲ သေဆုံးထိခိုက်သူများပြား

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)ဌာနချုပ်ရှိတဲ့ပန်ဆန်း(ပန်ခမ်း)မြို့ရဲ့အပြင်ယောင်းပန်းရွာမှာယမ်းသို​လှောင်ထားတဲ့စက်ရုံ မီးလောင်ပေါက်ကွဲပြီး သေဆုံးထိခိုက်သူများပြားတယ်လို့ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

(​စက်ရုံ​မီး​လောင်ပေါက်ကွဲပြီး​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ)

ဧပြီ-၈၊ ၂၀၂၆။ဇော်ရမ်း၊သက်ဝေ/People’s Spring

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)ဌာနချုပ်ရှိတဲ့ပန်ဆန်း(ပန်ခမ်း)မြို့ရဲ့အပြင်ယောင်းပန်းရွာမှာယမ်းသို​လှောင်ထားတဲ့စက်ရုံ မီးလောင်ပေါက်ကွဲပြီး သေဆုံးထိခိုက်သူများပြားတယ်လို့ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ပန်ဆန်းမြို့၊ယောင်းပန်းရွာ ကျေးရွာမှာရှိတဲ့ အဲဒီယမ်းချက်စက်ရုံဟာ မနေ့က( ဧပြီ ၇ရက်) ညနေ၃ နာရီ​ကျော်မှာကျယ်လောင်တဲ့ပေါက်ကွဲသံတွေနဲ့အတူမီးလောင်တာလို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။

“လောလောဆယ်ကျတော်တို့ဆီသတင်းရောက်တာ ၁၀၀ကျော်ပေါ့။ ဒါပေမယ့် များတယ်ဗျ။ ၁၇၀ မကဘူး။ဝရဲတပ်ဖွဲ့ဘက်ကိုတော့သေချာ မေးနေတယ်။ဒီဖြစ်စဉ်ကတော်တော်လေးအထိအခိုက်များတယ်”လို့ အဲဒီသတင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ (ဧပြီ ၈)အထိကယ်ဆယ်ရေးလုပ်နေရဆဲဖြစိတယ်လို့ အခြား​ဒေသခံတဦးကလည်း​ပြောပါတယ်။

“ယမ်းသိုလှောင်ထားတဲ့ စက်ရုံတခုလို့ သိရပါတယ်။ပန်ဆန်း မြို့ပြင်မှာဖြစ်ပွားခဲ့တာပါ။မိုးတွေရွာတော့ မီးလောင်တာ ကို ထိန်းနိုင်ခဲ့ပါတယ်။” လို့ အခြားဒေသခံတဦးကလည်းပြောပါတယ်။

မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ အရေအတွက် အသေးစိတ် မသိရသေးပေမယ့် ထိခိုက်သူ ၆၀ ကျော်ရှိတယ်လို့ သူကဆက်ပြောပါတယ်။

“လက်ရှိ အချိန်ထိတော့ ထိခိုက်သေဆုံးသူစာရင်း အတိအကျ မသိရသေးပါဘူး။ ထိခိုက်သူ ၆၀ ကျော် ဝန်းကျင်လို့တော့ သိထားရပါတယ်။ သေဆုံးသူကတော့ မသိရသေးပါဘူး။ စက်ရုံတခုလုံးပျက်စီးသွားတာ တွေ့ရတယ်။ ဘာကြောင့် ဘယ်လိုဆိုတာ မျိုးတော့ မသိရဘူး။ အခုတော့ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်” လို့ အထက်ပါဒေသခံကပြောပါတယ်။

စက်ရုံပိုင်ရှင်ကတရုတ်နိုင်ငံသားဖြစ်ပြီး စက်ရုံမန်နေဂျာဖြစ်တဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ဝရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဒေသခံပြသတဲ့ရုပ်သံထဲမှာ ​အပျက်အစီးများလှတဲ့ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ ၀တပ်ဖွဲ့ တာဝန်ရှိသူအချို့သွား​ရောက်ကြည့်ရှူ​နေတာတွေကို တွေ့ရပါတယ်။

ယမ်းချက်စက်ရုံမီးလောင်ပေါက်ကွဲမှုမှာ သေဆုံးသူ ၁၆၀ခန့် ရှိနိုင်တယ်လို့ ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပြီး ဝဒေသတင်းတွေကိုရေးသားနေတဲ့ Wa Land Newsက‌တော့ သေဆုံးသူ၆၀ခန့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၀တပ်ဖွဲ့ ပြင်ပဆက်ဆံရေးရုံးတာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးညီးရန်းထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့နယ်မြေချင်းထိစပ်နေတဲ့ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်နေတဲ့ ယမ်းချက်လုပ်ငန်းတွေ၊ သတ္တုတူးဖော် ရေးလုပ်ငန်းတွေအပြင် ကျားဖြန့်နဲ့ လောင်းကစားလုပ်ငန်းတွေလည်းရှိနေပါတယ်။

၀တပ်ဖွဲ့ အနေနဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာ၊ တရုတ်နိုင်ငံသားတွေကို တရုတ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးတာ တွေလည်း ပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်တာတွေလည်းရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိုမီနီကန် နိုင်ငံမှာ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ရင်း မီးလောင်ပေါက်ကွဲရာက လေယာဉ်မှူးနှစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉)အတွင်း မ​နေ့က လက်နက်တိုက်မီးလောင်​ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် စက်သုံးဆိုင်တစ်ဆိုင် မီးလောင်ပေါက်ကွဲပြီး လူတစ်ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းရရှိသည်။