Connect with us

Hi, what are you looking for?

သတင်း

နှစ်ဆန်းတစ်ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် မေတ္တာပို့ပေးကြဖို့ NLD ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ မေတ္တာရပ်ခံ

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

(၂၀၁၈ သင်္ကြန်အတက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ သမ္မတကတော်တို့ဟာ သပြေခက်၊ ပိတောက်ခက်တွေနဲ့ အပြန်အလှန် ရေပက်ဖြန်းနေစဉ်။ ဓာတ်ပုံ − အတိုင်ပင်ခံရုံး)

ဧပြီ ၉၊၂၀၂၆။ဟာနာဆန်၊ထားမြတ်/People’s Spring

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဘေးကင်းစေဖို့ ရည်ရွယ်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ မေတ္တာပို့ဆုတောင်းတာတွေ ပြုလုပ်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး၊ မြန်မာနိုင်ငံသားများအားလုံး ကျန်းမာဘေးကင်းစေရေးအတွက် ကဆုန်လဆန်း(၂)ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ နှစ်သစ်ကူးအခါသမယမှာ ဆုတောင်းမေတ္တာ ပို့သပေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာတနိုင်ငံလုံးရှိ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လူငယ်တွေက တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ပါတယ်။

အဲဒီလိုဆုတောင်းရာမှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာကြပါစေ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေ၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးကျန်းမာကြပါစေ၊ ဘေးဘယာဒုက္ခအန္တရာယ်အသွယ်သွယ်မှကင်းဝေးကြပါစေ စတဲ့ ဆုတောင်းစကားတွေနဲ့ ဆုတောင်းဖို့ နှိုးဆော်ထားတာပါ။

Public Service Announcement

Public Service Announcement

သပြေပန်း၊ နှင်းဆီပန်း(သို့မဟုတ်) မိမိကြိုက်နှစ်သစ်ရာပန်းတွေ ကိုင်ဆောင်တာ၊ ပန်ဆင်တာ ပြုလုပ်ပြီး တစ်မိနစ်ခန့်ကြာတဲ့ ဆုမွန်ကောင်းတောင်းတဲ့ ဗွီဒီယိုဖိုင်ကို လုံခြုံရေး အပေါ် မူတည်ပြီး ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

အခု NLD လူငယ်အဖွဲ့ရဲ့ ပြည်သူသို့ ပန်ကြားလွှာကို NLDဗဟို ဖေ့စ်ဘွတ်ခ် စာမျက်နှာကလည်း ဖော်ပြထားပါတယ်။

NLD အနေနဲ့လည်း အခုရက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြုတဲ့ စာနဲ့ဓာတ်ပုံတွေ ဖေ့စ်ဘွတ်ခ်မှာ ဆက်တိုက်ဖော်ပြလျက်ရှိပါတယ်။

” စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေး ပြဿနာများကိုဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေး ဆောင်ရွက်မှုများ မပါဝင်ဘဲ ပြေလည်ရေးလမ်းစ မရရှိနိုင်”လို့လည်း NLDက ပြီးခဲ့တဲ့ ၄ရက်လောက်က ထပ်လောင်း ဖော်ပြထားပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကတည်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ခေါင်းဆောင်တွေ ကိုဖမ်းဆီးခဲ့တာဖြစ်ပြီး ဒီကနေ့ ဧပြီ ၉ရက်အထိ ရက်ပေါင်း ၁၈၉၄ ရက် ကြာမြင့်ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပြီးနောက်ပိုင်း သူမရဲ့ တခြားဘယ်မိသားစုဝင်မှ တိုက်ချီဒိုလောက် နှစ်အကြာကြီး အတူမနေခဲ့ရပါဘူး။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၁၁ နှစ်လောက်အတူနေခဲ့ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့မိခင်ကြီး ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာ...

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုလေးဟာဒီကနေ့ ဇွန်လ ၂၁ရက် ညဦးပိုင်းမှာ ​သေဆုံးသွားပါတယ်။