Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူလူထုနဲ့အတူ ဆက်လက်ရပ်တည်ကြောင်း အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့ ထုတ်ပြန်

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲနေကြတဲ့ မြန်မာပြည်သူပြည်သားများအားလုံးကို ဆုမွန်ကောင်းတောင်းကြောင်း အမေရိကန်၊ ကနေဒါ၊ ဥရောသမဂ္ဂနိုင်ငံတွေက ထုတ်ပြန်ထားပါတယ်။

■နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲနေကြတဲ့ မြန်မာပြည်သူပြည်သားများအားလုံးကို ဆုမွန်ကောင်းတောင်းပေး

ဧပြီ-၁၃၊ ၂၀၂၆။ People’s Spring

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် ဆင်နွှဲနေကြတဲ့ မြန်မာပြည်သူပြည်သားများအားလုံးကို ဆုမွန်ကောင်းတောင်းကြောင်း အမေရိကန်၊ ကနေဒါ၊ ဥရောသမဂ္ဂနိုင်ငံတွေက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် တိုင်းပြည်ဆက်လက်ယိုယွင်းနေပေမယ့် အဲဒီအကျပ်အတည်းတွေ အဆုံးသတ်စေရေးအတွက် ကူညီပံ့ပိုးပေးဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနေဒါသံရုံးကလည်း စိန်ခေါ်မှုများစွာကြုံတွေ့နေရတဲ့အချိန်မှာ မြန်မာနိုင်ငံသားတွေရဲ့ ရဲစွမ်းသတ္တိ၊ မဆုတ်မနစ်သော လုံ့လဝီရိယနဲ့ ငြိမ်းချမ်းရေးအတွက် ထားရှိတဲ့ ခိုင်မြဲသော မျှော်လင့်ချက်တို့ကို ဂုဏ်ပြုကြောင်း ဖော်ပြထုတ်ပြန်ထားပါတယ်။

ကနေဒါအစိုးရအနေနဲ့ ဖြစ်ပွားနေဆဲ အကြမ်းဖက်မှုများကို ဆက်လက်ရှုတ်ချနေဆဲဖြစ်ပြီး အရပ်သားများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနဲ့ ဘာသာရေးအဆောက်အဦးများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အရင်ကထက် ပိုမိုတိုးမြှင့်လာခြင်း၊ အခြေခံလွတ်လပ်ခွင့်များအပေါ် ဆက်လက်ကန့်သတ်ထားခြင်းနဲ့ နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခြင်းတို့ကို စိုးရိမ်ပူပန်စွာဖြင့် သတိပြုမိကြောင်း ဖော်ပြပါတယ်။

နှစ်သစ်ကူး သင်္ကြန်ကာလသမယဟာ အကြမ်းဖက်မှုတွေကို လျှော့ချဖို့နဲ့ ပိုမိုငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နှစ်သစ်ကို ဖော်ဆောင်ရေးအတွက် ယုံကြည်မှုတွေ ဖြည့်တင်းဖို့ အချိန်ကာလကောင်းတစ်ခုလို့ မှတ်ယူကြောင်းလည်း ဆိုပါတယ်။

ကနေဒါနိုင်ငံဟာ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်သော ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်နေကြသူအားလုံးနဲ့အတူ မားမားမတ်မတ် ရပ်တည်လျက်ရှိကြောင်း ထပ်လောင်းကတိပြုပါတယ်။

အမေရိကန်နိုင်ငံခြားဝန်ကြီးကလည်း မြန်မာပြည်သူတွေဟာ ဆက်တိုက်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကြားမှာ ရဲစွမ်းသတ္တိနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ သင်္ကြန်ရဲ့ အနှစ်သာရက မိမိတို့ကို ပိုမိုကောင်းမွန်သော မနက်ဖြန်များရှိကြောင်း သတိပေးနေသည့်အတိုင်း မြန်မာပြည်သူတွေအတွက် ခွန်အား၊ ကြံ့ကြံ့ခံနိုင်ရည်နဲ့ လာမယ့်နှစ်သစ်မှာ မျှော်လင့်ချက်အသစ်တွေ ရရှိပါစေလို့ နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက အမေရိကန်ပြည်ထောင်စုကိုယ်စား ဆုမွန်ကောင်းပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂက မြန်မာပြည်သူလူထုနဲ့အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိကြောင်းနဲ့ လူထုရဲ့ မျှော်လင့်ချက်တွေကို အစဥ်အမြဲအားပေးထောက်ခံသွားမှာဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပါတယ်။ လာမယ့်နှစ်သစ်မှာ ငြိမ်းချမ်းခြင်း၊ ခွန်အားသစ်တွေရရှိခြင်းနဲ့ ပိုမိုကောင်းမွန်သောအနာဂတ်အတွက် လမ်းစများပေါ်ပေါက်ခြင်းတို့ ဖြစ်ထွန်းပါစေကြောင်း ဆုမွန်ကောင်းတောင်းထားပါတယ်

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။