Connect with us

Hi, what are you looking for?

သတင်း

ပုဇွန်တောင်မြိုနယ်မှာ ယာဉ်တိုက်မှုဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံး

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။

ဧပြီ-၁၄၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ရွှေဘုန်းပွင့်ဘုရားလမ်းထိပ်မှာ အသက် ၆၀ ကျော်အရွယ်အမျိုးသမီးတစ်ဦးကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းကအသိပေးထားပါတယ်။

“ကားသမားတိုက်ပြီးထွက်ပြေးသွားတယ်ဟုသိရ။ လူနာမှာဖြစ်စဉ်နေရာတွင် အသက်မရှိတော့ပါဘူး”လို့ ဓာတ်ပုံတွေနဲ့အတူဖော်ပြထားပါတယ်။

ကားတိုက်ခံရသူက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကားသမားက မူးပြီးမောင်းလာတာဖြစ်နိုင်ပြီး စီစီတီဗီ‌တွေကနေခြေရာခံသင့်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက မှတ်ချက်ရေးသားထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယာဥ်တိုက်မှုကြောင့် လူ ၁၀ဦးထပ်မနည်း သေဆုံးခဲ့ရတဲ့ နယူးမန္တလာထွန်းယာဥ်လိုင်းက ဖြစ်စဥ်အတွက် Facebook လူမှုကွန်ရက်ကနေ တောင်းပန်ထားပြီး ၎င်းတို့ရဲ့ ရန်ကုန်-ပြင်ဦးလွင်ခရီးစဥ်ကို သက်ဆိုင်ရာက ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း အဆိုပါယာဥ်လိုင်းက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်တပ် အာဏာသိမ်းထားတဲ့ကာလထဲမှာပဲ ၆ ကြိမ်မြောက် သီတင်းကျွတ်ကာလ ရောက်ရှိခဲ့ပါပြီ။ ဒီနှစ်မှာ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ အသွားအလာ များကြသလို ယာဉ်တိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်...

သတင်း

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။