Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်က လူနေရပ်ကွက်တွေအကာအကွယ်ယူ စစ်ကြောင်းထိုးဖို့ ပြင်နေ

တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ ဖားကန့် – ကာမိုင်းလမ်းပိုင်း KIAယာယီပိတ်

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - Reuters

ဧပြီ-၂၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ လူနေရပ်ကွက်တွေကို စစ်တပ်တွေက အကာအကွယ်ယူ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး တိုက်ပွဲတွေပြင်းထန်လာနိုင်လို့ ဖားကန့် – ကာမိုင်းလမ်းပိုင်းကို ယာယီပိတ်ထားမယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDF သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေက ဖားကန့်ဒေသ လုံးခင်းရွာနဲ့ ကျောက်ဝိုင်း၊မှော်စီစာဘုရားကုန်း၊ငြိခွန်ဆာကုန်း နဲ့မလန်းကျေးရွာအတွင်းကို အရပ်ဝတ်တွေနဲ့ပါရောက်နေပြီး အရပ်သားတွေကို ပိတ်ဆို့ဖမ်းဆီးနေတယ်လို့ ဒေသခံ‌တွေက ပြော‌ပါတယ်။

” မိန်းကလေးတွေကိုပါ ဖမ်းတာ။ စစ်တပ်ကကောင်‌တွေအတွက်ဆိုပြီး။ နောက်ပြီး လမ်းသွားလမ်းလာတွေရဲ့ ပိုက်ဆံတွေ၊ ကျောက်စိမ်းတွေပါ သိမ်းတာ။ အရပ်ဝတ်တွေနဲ့ဆိုတော့ စစ်တပ်ကလို့ မထင်လို့ အပြင်သွားတဲ့သူတွေအဖမ်းခံထိတယ်”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်‌ဒေသမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ SNA ရှမ်းနီတပ်တွေ ပါဝင် ပါတယ်။ လူနေအိမ်တွေအပြင် လူမှုကူညီရေးရုံးအဆောက်အအုံတွေမှာပါ စစ်တပ်က တပ်စွဲထားပါတယ်။ ဒါ့အပြင် စစ်တပ်က အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်တာ၊ လုယက်နေတာမို့ နေ့ခင်းကြောင်တောင်ဓားပြတိုက်နေတဲ့ လူ့ဘီလူးတွေလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ဒေသမှာ ဧပြီ ၂ရက်ကစပြီး တိုက်ပွဲတကျော့ပြန်ဖြစ်ပွားတာပါ။ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် PDFရဲဘော်တစ်ဦးနဲ့ အရပ်သားသုံးဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ပြီး အများပြည်သူသွားလာနေတဲ့လမ်းပေါ်မှာ ရုပ်အလောင်းစွန့်ပစ်ခဲ့ပါသေးတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ရှေ့တန်းကင်းစခန်း ၆ခုကို KIA၊KPDFက သိမ်းယူနိုင်ခဲ့ပေမယ့် မရှီကထောင်ဆုတောင်းကုန်းကို လက်လွှတ်ခဲ့ရပါတယ်။ မရှီကထောင်ဆုတောင်းကုန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေယူပြီး သိမ်းယူလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် မြေပြင်စစ်ကြောင်းတွေက ဆက်တိုးလာလို့ စစ်ရေးဆက်လက်တင်းမာနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေက ဖားကန့်- နန့်ယား – ကားမိုင်း လမ်းပိုင်းအသုံးပြုပြီး အင်အားဖြည့်နေလို့ ဧပြီ ၂၂ရက်ကစပြီး အဲဒီလမ်းပိုင်းကို အရပ်သားပြည်သူတွေအသုံးမပြုကြဖို့ KIAက သတိပေးထားတယ်လို့ သိရပါတယ်။

” ပြည်သူများအနေနှင့်ဖြင့် အရေးမကြီး လျှင် ဖားကန့် ၊ ကားမိုင်းလမ်းပိုင်းအား ခေတ္တာခဏ အသုံးပြုခြင်းကို ရပ်ထားစေချင်ပါကြောင်း အသိပေး နိုးဆော်ပါသည်။ယခုလို့ အခြေအနေမျိုးအတွက်

မီဘပြည်သူ့များအား အထူးတောင်းပန်အပ်ပါသည်။ ပူးပေါင်း ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်”လို့ ကချင်သတင်းရင်းမြစ်ကလူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

ဖားကန့်ဒေသမှာ မနေ့က ဧပြီ၁၉ရက်က ဖြစ်တဲ့တိုက်ပွဲအတွင်း ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ မိုင်းမိပြီး ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ဒီနေ့ညနေမှာလည်း ပစ်ခတ်သံတွေဆူဆူညံညံကြားနေရပြီး စစ်ကောင်စီတပ်စစ်ကြောင်းတွေကို KIAနဲ့KPDFက ကြားဖြတ်တိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်။

လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ စစ်ရေးတင်းမာနေချိန်မှာ ကြိုတင်ရှောင်တိမ်းဖို့၊ စစ်ကောင်စီစစ်ကြောင်းတွေနဲ့တွေ့ရင်လမ်းပေါ်ထွက်ပြီးကြည့်တာမျိုးတွေမလုပ်ဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်းသတိပြုဖို့ KIAက သတိပေးဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။