Connect with us

Hi, what are you looking for?

သတင်း

မောတောင်နယ်စပ်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ နေအိမ်အချို့ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ် မောတောင်နယ်စပ်မြို့ကို အာဏာသိမ်းစစ်တပ်က တရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာနေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်ပါတယ်။

(စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ နေအိမ်အချို့ပျက်စီးနေစဉ်။ ဓာတ်ပုံ - KNU)

ဧပြီ-၂၆၊၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ် မောတောင်နယ်စပ်မြို့ကို အာဏာသိမ်းစစ်တပ်က တရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ရာနေအိမ်အချို့ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ကထုတ်ပြန်ပါတယ်။

ဧပြီ ၂၆ရက် နံနက် ၁၀နာရီ ၄၅မိနစ်နဲ့ နေ့လည် ၁နာရီကျော်မှာ စစ်ကောင်စီက မောတောင်မြို့ အမှတ်(၁) ရပ်ကွက်၊ အမှတ်(၉) ရက်ကွက်တွေကို ဗုံးကြဲခဲ့တာလို့ အသိပေးပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုမှာ ပေါင် ၂၅၀ ဗုံး ၆လုံး အသုံးပြုခဲ့ကြောင်း အသိပေးထားပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် ၂လုံး ပျက်စီးခဲ့ဟု ဖော်ပြပါတယ်။ လူထိခိုက်သေဆုံးရှိမရှိ အခြေအနေကို ဖော်ပြမထားပါဘူး။

Public Service Announcement

Public Service Announcement

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ မဟာမိတ်တွေက ၂၀၂၅ နိုဝင်ဘာမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ၊ စစ်သုံ့ပမ်းများစွာကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။

စစ်ကောင်စီဟာ သူတို့ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေဖြစ်တဲ့ KNU အုပ်ချုပ်ရာ ဒေသတွေက ပြည်သူတွေအကြောက်တရားဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း KNUက အသိပေးထားပါတယ်။

မောတောင်မြို့ဟာ အရင်က KNU တနင်္သာရီမြို့နယ် ဌာနချုပ်နယ်မြေဖြစ်ပြီး ၁၉၉၀ မှာ စစ်တပ်ကသိမ်းပိုက်ခဲ့ရာ ၃၅နှစ်အကြာမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ မြို့သိမ်းခံရပြီးနောက် မောတောင်ပြန်ရဖို့ကြိုးပမ်းမှုတွေရှိခဲ့ပေမယ့် KNLA ပူးပေါင်းတပ်ရဲ့ ဟန့်တားမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။