Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ဘယ်သူမှ မသိတဲ့နေရာမှာ ဆက်လက်ချုပ်နှောင်ထား

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်မှာ ပြစ်ဒဏ်တွေ ဆက်လက်ကျခံစေဖို့ ပြောင်းလဲသတ်မှတ်တာဟာ နေအိမ်အကျယ်ချုပ်ထားရှိတယ်လို့ ပြောလို့မရဘဲ ဘယ်သူမှ မသိရှိတဲ့နေရာမှာ ဆက်လက်ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း NLD သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်က ဧပြီ ၃၀ ည ၈ နာရီသတင်းမှာ ပြသခဲ့တဲ့ သတင်းဓါတ်ပုံမှ နိုင်ငံ​တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ဓါတ်ပုံကို ဘယ်ကာလမှာရိုက်ထားတာကို​တော့မသိရပါဘူး။ဓါတ်ပုံ-MRTV Screen Grab)

“သက်ရှိထင်ရှားရှိနေသေးကြောင်း “သက်သေပြရန်” တောင်းဆိုနေတာဖြစ်ပါတယ် “ဓါတ်ပုံပြရန်” မဟုတ်ပါ”-All in one piece movment

ဧပြီ-၃၀၊ ၂၀၂၆။ သော်မွန်/People’s Spring

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်မှာ ပြစ်ဒဏ်တွေ ဆက်လက်ကျခံစေဖို့ ပြောင်းလဲသတ်မှတ်တာဟာ နေအိမ်အကျယ်ချုပ်ထားရှိတယ်လို့ ပြောလို့မရဘဲ ဘယ်သူမှ မသိရှိတဲ့နေရာမှာ ဆက်လက်ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း NLD သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဒီနေ့ ကျရောက်တဲ့ ကဆုန်လပြည့်နေ ဗုဒ္ဓနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ သက်သာခွင့်တွေ ပေးခဲ့တယ်လို့ ကြေညာခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က နေပြည်တော်အကျဥ်းထောင်မှာ ပြစ်

ဒဏ်ကျခံလျက်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်များကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက်ကျခံစေဖို့ပြောင်းလဲသတ်မှတ်ကြောင်း ဒီနေ့ည ၈ နာရီသတင်းမှာ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့အဲဒီပြောင်းလဲသတ်မှတ်တယ်ဆိုတာက ၁၉၉၀ ကျော်နဲ့ ၂၀၀၀ ခုနှစ်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားတဲ့ ပုံစံမျိုးမဟုတ်ဘဲ မည်သည့်နေရာမှန်း မသိရှိတဲ့နေရာမှာ၊ စစ်အုပ်စုသာ သိရှိတဲ့နေရာမှာ ဆက်လက် မတရားချုပ်နှောင်ထားတာသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးကလည်း “ဟိုဘက်ခေတ်တုန်းကသူ့အိမ်သူနေရတယ်။လက်

ရှိအိမ်မှာနေသလိုမျိုးပဲဆက်နေသွားရတယ်။ကျန်း

မာရေးဆေးစစ်မှုတွေရတယ်။သူ့ရဲ့ကိုယ်ပိုင်ဆ

ရာဝန်လာရောက်လို့ ရတယ်။ အမှုကိစ္စရှိရင်လည်း ရှေ့နေတွေ ဝင်ထွက်လို့ရတယ်ပေါ့။ နေအိမ်အကျယ်ချုပ်အဆင့်။ဒါက နေအိမ်အကျယ်ချုပ်လို့ ပြောလို့မရဘူး။​ အိမ်တအိမ်မှာပြောင်းထားတယ်ဆိုတဲ့သဘောပဲ။အကျဥ်းကတော့ အကျဥ်းပဲ”လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ဒီနေ့ သတင်းထုတ်ပြန်ချက်မှာ အနည်း

ငယ်ပိန်ပြီး ပြုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဖော်ပြခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံဟာ ဘယ်အချိန်ကာလက ရိုက်ထားသလဲဆိုတာကိုတော့ မသိရပါဘူး။

အာဆီယံနဲ့ ကုလသမဂ္ဂက ဒီမိုကရေစီနည်းကျ မြန်မာပြည်သူလူထု ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်သူ နိုင်ငံတော်အတိုင်

ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်အုပ်စုကို တောင်းဆိုထားကြပါတယ်။

အာဏာသိမ်းစစ်အုပ်စုက စစ်တပ်လွှတ်​တော် ၊စစ်တပ်စိတ်တိုင်းကျ​ရွေးချယ်ထားတဲ့အစိုးရ​တွေဖွဲ့ထား​ပေမယ့် တရုတ်၊ရုရှားအပါအဝင်နိုင်ငံအချို့ကသာအသိအမှတ်ပြုပြီး အာဆီယံက​တောင်အသိအမှတ်မပြုတဲ့အ​ခြေအ​နေမှာ စစ်အုပ်စုက ​လူထု​ခေါင်း​ဆောင်ကို ကစားပြီး ဖိအား​လျော့ကျဖို့ ၊နိုင်ငံတကာအသိအမှတ်ပြုမှုရဖို့ အခု​နေရာ​ပြောင်းထားတယ်လို့​ကြေညာတာသာဖြစ်တယ်လို့

​နိုင်ငံ​ရေးအကဲခတ်တချို့က​​ပြောပါတယ်။

​မေလ ၇၊၈ မှာဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့မှာ အာဆီယံအစည်းအ​ဝေးကျင်းပဖို့ရှိပါတယ် ။အာဏာသိမ်းစစ်တပ်က အာဆီယံကချမှတ်ထားတဲ့ ငါးချက်ကိုလုပ်​ဆောင်ဖို့ပျက်ကွက်တာ​​ကြောင့်အာဆီယံ​ဆွေး​နွေးပွဲ​တွေမှာ ဖိတ်ကြားခြင်းမရှိပါဘူး။

ပြည်တွင်း၊ ပြည်ပက မြန်မာတွေကလည်း ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးကြောင်း စစ်အုပ်စုက သက်သေပြဖို့ Proof of Life ကမ်ပိန်း ပြုလုပ်နေကြပြီး လူထုခေါင်း

ဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားများအားလုံးလွှတ်ပေးဖို့တောင်းဆိုဆန္ဒထုတ်ဖော်နေကြပါတယ်။

Proof of Life ကမ်ပိန်းကိုပြုလုပ်​နေတဲ့ All in one piece Movement ကလည်း

“သက်ရှိထင်ရှားရှိနေသေးကြောင်း “သက်သေပြရန်” တောင်းဆိုနေတာဖြစ်ပါတယ် “ဓါတ်ပုံပြရန်” မဟုတ်ပါ proof of life – right now” လို့ယဆန့ညမှာ​တောင်းဆိုထားပါတယ် ။

အလားတူပြည်သူတဦးကလည်း “ပုံပြလို့ယုံကြည်လို့မရပါ၊သက်ရှိထင်ရှားရှိကြောင်းသက်သေပြပါ”လို့ မှတ်ချက်ပြုပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

Facebook