Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်စဥ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

မေ-၂၊၂၀၂၆။ဇော်ဝင်း/People’s Spring

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

ကရင်နီတပ်ပေါင်းစုံက ကိုယ်စားလှယ် ၉ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဧပြီ ၂၉ ရက်က ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖြစ်မှန် ပေါ်ပေါက် ရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးလုပ်ဆောင်မယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုရလဒ်တွေအပေါ်မူတည်ပြီး တာဝန်ယူ၊တာဝန်ခံမှုတွေနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက် မှုတွေကို ဆက်လက်လုပ်ဆောင်မယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားတွေရဲ့လူမှုဘဝလုံခြုံရေး၊တော်လှန်ရေးကာလ လူထုအုပ်ချုပ်မှုတည်ငြိမ် ရေး၊တော်လှန်ရေး အင်အားစုတွေ ညီညွတ်ရေး အပါအဝင် တရားမျှတမှုပေါ်ပေါက်ရေးအတွက် သက်ဆိုင်သူအားလုံးပါဝင်ဖို့လည်း ထုတ်ပြန်ချက်က တိုက်တွန်းထားပါတယ်။

မိုးဗြဲမြို့အနောက်ခြမ်းမှာ ဧပြီ ၂၄ ရက် မနက်က Mobye – Local PDF ခေါင်းဆောင် အောင်မင်း အပါအဝင် ရဲဘော် ၉ဦးကျဆုံးပြီး အယ်လ်ဖာစစ်ဒေသမိုးဗြဲနဲ့ အမှတ်(၁၀၀၁)တပ်က ရဲဘော်သုံးဦး ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

Mobye – Local PDF တပ်ဖွဲ့ က စက်တော်ရာသံဃာတော်ကျောင်းထိုင် ဘုန်တော်ကြီးကို သတ်ဖြတ်တာ၊အလင်းဝင် CDM တပ်သားတွေနဲ့ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တာ၊တော်လှန်ရေးရဲဘော်တပ်ခွဲမှူးကို လုပ်ကြံသတ်ဖြတ်တာနဲ့ အရပ်သားတွေကို သတ်ဖြတ်တဲ့ သက်သေတွေ ရှိတယ်လို့အမှတ် ၁ အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) က ပြီးခဲ့တဲ့ နှစ်ရက်က ထုတ်ပြန်ထားပါတယ်။

“အောင်မင်းက ပြစ်မှုတွေ တကယ်ကျူးလွန်ခဲ့တာ ဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီး တပ်သားဟောင်း တဦးအနေနဲ့ ထွက်ဆိုချက်ပေးလို့ရ ရင် ပေးမယ်”လို့ အမှတ်(၁၀၀၁)တပ်က ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါကြောင့် ပြစ်မှုတွေအတွက် တာဝန်ယူမှု၊တာဝန်ခံမှုရှိဖို့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေး၊ကျေးရွာအုပ်စုအုပ်ချုပ်ရေး၊ဘာသာရေးအသင်းအဖွဲ့၊ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေက တွေ့ဆုံဆွေးနွေညှိနှိုင်းရေး ကြိုးပမ်းခဲ့ပေမယ့်Mobye – Local PDF တပ်ဖွဲ့ခေါင်းဆောင် အောင်မင်းက ဦးစွာပစ်ခတ်ဖို့ အမိန့်ပေးတာကြောင့် နှစ်ဖက်ပစ်ခတ်မှုရှိခဲ့တာလို့ ထုတ်ပြန် ချက်မှာဖော်ပြပါတယ်။

“အောင်မင်းကိုထောက်ခံလို့မဟုတ်ဘူး။ ကျသွားတဲ့ အောက်ခြေရဲဘော်တွေရဲ့ မိသားစုကို ကိုယ်ချင်းစာလို့ပါ။ ကျသွားတဲ့အလောင်းတွေတောင်ပြန်မရဘူး၊ ဈာပနာလုပ်ဖို့တောင်မှ မလုပ်ရဘူး “လို့ Mobye Local PDFနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Mobye – Local PDF တပ်ဖွဲ့ကို ဖြုတ်သိမ်းခဲ့တဲ့ အစီအမံအတွက် ကရင်နီပူးတွဲစစ်ဦစီးအဖွဲ့ရဲ့ စစ်ခုံရုံကတဆင့် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့ အမှတ်(၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်)က အသိပေးထားပါတယ်။

ဒါ့အပြင် Mobye – Local PDF တပ်ဖွဲ့ကို အပြီး တိုင် ဖျက်သိမ်းမှုလုပ်ငန်းစဥ်ပြီးဆုံးပြီ ဖြစ်တဲ့အတွက် အဲဒီ့တပ်ဖွဲ့ဆီက ပြည်သူလူထုကူညီထောက်ပံ့ပေးထားတဲ့ လက်နက်တွေကိုလည်း ပြည်သူ့အုပ်ချုပ်ရေးကောင်စီထံ အပြီးစီးအပ်နှံခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်းမှာဗုံးခွဲမှု၊ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိုင်းစစ်သားငါးဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။