Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြပေးဖို့ “Proof of Life” လှုပ်ရှားမှုတွေ စစ်ကိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ “Proof of Life” လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၇) မှာ ပြုလုပ်ခဲ့ပါတယ်။

မေ ၇၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ “Proof of Life” လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၇) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် “Proof of Life” လူထုလှုပ်ရှားမှုကို အတူတကွပြုလုပ်ခဲ့ကြပါတယ်။

ဆားလင်းကြီးပြည်သူတွေက “ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန် ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ” ၊ “Proof of Life” စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်က ဦးဆောင်ပြီး ဒေသခံတော်လှန်ပြည်သူ တွေနဲ့အတူ “Proof of Life” လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။

ယင်းမာပင်မြို့နယ်မှာလည်း ပြည်သူ့အားမာန်သပိတ်အဖွဲ့ဝင်တွေက လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့အတွက် “Proof of Life” လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ၊ အောင်လံလွှင့်မည်ရွှေရေကြည်နဲ့ ရွာပေါင်းစုံသပိတ်ကော်မတီတို့ ပူးပေါင်းကာ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် “Proof of Life” လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေနဲ့ တော်လှန်ပြည်သူတွေက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေသေးကြောင်း သက်သေပြပေးဖို့ အလေးအနက် တောင်းဆိုခဲ့ပါတယ်။

စစ်အုပ်စုရဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ခြင်း လွှတ်ပေးဖို့ကိုလည်း တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာပြည်သူတွေအနေဖြင့်လည်း ပူးပေါင်းပါဝင် တောင်းဆိုပေးဖို့ ဘုတလင်သပိတ်အင်အားစုက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ် က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိတ်ပူနေခဲ့တာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ဘုတလင်သပိတ်၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။