Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ကယ်ဆယ်ရေးလုပ်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေဟု ချင်းတပ် CPU ခေါင်းဆောင် သတိပေး

အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်အပြီးမှာ ကယ်ဆယ်ရေးလုပ်သူတွေကို ထပ်မံ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားပြီး ဒီလို ပစ်မှတ်ထား တိုက်ခိုက်တာကို သတိရှိဖို့ လူစုလူဝေး တက်နိုင်သမျှ ရှောင်ဖို့ သတိပေးထားပါတယ်။

မေ-၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်အပြီးမှာ ကယ်ဆယ်ရေးလုပ်သူတွေကို ထပ်မံ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောကြားပြီး ဒီလို ပစ်မှတ်ထား တိုက်ခိုက်တာကို သတိရှိဖို့ လူစုလူဝေး တက်နိုင်သမျှ ရှောင်ဖို့ သတိပေးထားပါတယ်။

မေလ ၈ရက်မနက်မှာ စစ်တပ်က မင်းတပ်မြို့တနေရာကို လေကြောင်းကနေ ဗုံးကြဲပြီး ဒရုန်းနဲ့ စောင့်ကြည့်ကာ နေ့လည်ပိုင်းမှာ ကယ်ဆယ်ရေးလုပ်သူတွေကို မီးလောင်ဗုံးတွေသုံး တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အပြီး ဆလိုင်းယောမာန်က အခုလို သတိပေးချက်ကို လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

“၂၀၂၁ – ၂၀၂၃ စစ်ကောင်စီ ဗုံးကြဲပြီးသွားတာနဲ့… ဒေသခံတွေ ကယ်ဆယ်ရေးလုပ်ကြ၊ ဒဏ်ရာရသူတွေဆွဲထုတ်ကြ၊ ကူညီကြတယ်။ လေကြောင်း ထပ်ဆင့်မလာတော့ဘူး။၂၀၂၄-၂၀၂၅ … စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ ဗုံးကြဲပြီး ၁၅ မိနစ်၊ နာရီဝက်အကြာ… ဒေသခံတွေ မီးငြိမ်းနေတုန်း၊ ဒဏ်ရာရသူတွေ ဆွဲထုတ်နေတုန်း၊ ကူညီကယ်ဆယ်ရေးလုပ်နေတုန်း.. အချိန်ကိုက် နောက်တစ်ကြိမ် ဗုံးလာကြဲတယ်။၂၀၂၆ – စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုလုပ်တယ်။ ဗုံးကြဲပြီး… နာရီ ၃ ချက်လောက် ဒေသခံတွေ စောင့်ကြည့်တယ်။ ဘာမှ လှုပ်ရှားမှု မရှိဘူး။ ကူညီကယ်ဆယ်ရေး၊ ဒဏ်ရာရသူတွေ ဆွဲထုတ်နေတာလုပ်တယ်။ စကမ က အဲဒီလို လူစုလူဝေး ရှိ မရှိကို ဒရုန်းနဲ့စောင့်ကြည့်တယ်။ ပြီးမှ… လူစုလူဝေးရှိရာနေရာကို စောင့်ကြည့်ပြီး ထပ်ဗုံးကြဲတယ်” လို့ ဆလိုင်းယောမာန်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု အတွေ့အကြုံတွေကို ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ ဒရုန်းကို သတိထားဖို့ ၊ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရာမှာ အမြန်လုပ်ဆောင်ပြီး အမြန်လူစုခွဲဖို့ သတိပေးပါတယ်။

“ကယ်ဆယ်ရေးလုပ်နေတုန်းမှာလည်း.. သတိရှိပါ။ လူထုအနေနဲ့…. လူစုလူဝေး တတ်နိုင်သမျှ ရှောင်ပါ။ ဆိုင်ကယ်တွေ အစုလိုက်အပုံလိုက်ရပ်တာ၊ ကားတွေ အစုလိုက်ရပ်တာမျိုး ရှောင်ပါ။ လေကြောင်းသတင်း အမြဲနားစွင့်ပြီး… ကိုယ်ရောက်တဲ့နေရာတိုင်း အနီးအနားမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်း၊ ရေမြောင်း၊ ရေပြွန်၊ ဗုံးဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေ ရှိ မရှိ လေ့လာမှတ်သားပါ။ သတိ/အသိနဲ့ တော်လှန်ကြပါစို့” လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

မနေ့က မင်းတပ် အရှေ့ခြမ်းလေကြောင်းတိုက်ခိုက်ခံရမှုမှာ လူထိခိုက်သေဆုံးနဲ့ နေအိမ်ပျက်စီးမှု ရှိခဲ့တယ်လို့ ဒေသခံက ပြောပြထားပါတယ်။

CPU/CPAဟာ ချင်းပြည်တောင်ပိုင်းက ဒေသကာကွယ်ရေးတပ်(CDF) လေးဖွဲ့ စုစည်းထားတာဖြစ်ပြီး မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့နယ်တွေကို ထိန်းချုပ်ထားတာပါ။

စစ်တပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ CPU/CPA ထိန်းချုပ်ထားတဲ့ ချင်းတောင်ပိုင်းဒေသတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ထိခိုက်သေဆုံးမှုတွေလည်း များပြားခဲ့ပါတယ်။

ဧပြီ ၂၉ရက်က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ တံတားလုပ်သား ၉ဦးသေဆုံးခဲ့ပါတယ်။ နောက်နေ့မှာ အဲဒီတံတားနေရာကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော် ၂ဦးထပ်မံ ကျဆုံးခဲ့တယ်လို့ ဒေသခံ က ပြောပါတယ်။

လက်ရှိမှာ ပြည်သူတွေအနေနဲ့ နေအိမ်တွေ ၊ စျေးဆိုင်ခန်းတွေမျာ ဗုံးခိုကျင်းတွေ ကတုတ်ကျင်းတွေ အသင့်ထားရှိပြီး လေကြောင်းရန် သတိထားနေထိုင်ကြဖို့လည်း CPU/CPAက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။