Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်ဟိုတယ်တစ်ခုမှာဧည်ကြိုလုပ်နေတဲ့လူငယ်တဦး ကျားဖြန့်ဆီရောင်းစားခံရဟုမိခင်​ပြော

မရမ်းကုန်းမြို့နယ်မှာဖွင့်ထားတဲ့ဟိုတယ်တစ်ခုမှာ ဧည်ကြိုလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီမှာ ရောင်းစားခံရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

(စစ်တပ်အာဏာမသိမ်းခင်ကရန်ကုန်မြို့အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-Yangon Skyline)

မေ-၁၁၊၂၀၂၆။တာရာ၊ရဲ​ခေါင်/People’s Spring

မရမ်းကုန်းမြို့နယ်မှာဖွင့်ထားတဲ့ဟိုတယ်တစ်ခုမှာ ဧည်ကြိုလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီမှာ ရောင်းစားခံရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

အသက် ၂၅ နှစ်အရွယ်အိမ်အမည်ပိုင်ပိုင်လို့​​ခေါ်တဲ့ လူငယ်ဟာ ဧည့်ကြိုရာထူးနဲ့ ဧပြီလက စပြီးဟိုတယ်မှာလုပ်ကိုင်ခဲ့တာဖြစ်ပြီး တစ်လမပြည့်ခင်မှာ ရောင်းစားခံရတာဖြစ်တယ်လို့ မိခင်ဖြစ်သူက​ပြောပါတယ်။

“သားလေးက အာဏာသိမ်းတော့ ကျောင်းဆက်မတတ်တော့ဘူး။ ကြုံရာကျပန်းဝင်လုပ်နေတာ။ မိဘအပေါ်လည်း တော်တော်သိတတ်တယ်။ ဟို

Public Service Announcement

Public Service Announcement

တယ်မှာအလုပ်လေးရလို့ ဝမ်းသာနေတာ။ အဲဒါကို ရောင်းစာခံရတာ။ ကလေးကဖုန်းဆက်တော့ လိုင်းကမမိတမိဖြစ်နေတာ။ ပြန်ဆက်တော့ ဖုန်းကလုံးဝမရတော့ဘူး။ ရှမ်းပြည်ဘက်လို့ပဲပြောတယ်။ ရင်တွေလည်းပူနေပါပြီ။ ဘယ်လိုက်ရမှန်းတောင်မသိတော့ဘူး”လို့ မိခင်ဖြစ်သူကပြောပါတယ်။

အဆိုပါလူငယ်ကို သိန်း ၁၅၀ နဲ့ရောင်းစားလိုက်တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

အဆိုပါဟိုတယ်ကို အခု​နောက်ပိုင်းမှာတရုတ်နိုင်ငံသားတွေအများဆုံးလာရောက်တည်းခိုနေပြီး မကြာခဏလူပျောက်ဆုံးတာတွေရှိ​နေတယ်လို့ စုံစမ်းသိရပါတယ်။

အဆိုပါဟိုတယ်ကို လူထု​နွေဦးက ဖုန်းနဲ့ဆက်သွယ်ပြီး​မေးမြန်းတဲ့ အခါအဆိုပါဖြစ်စဥ်မရှိဘူးလို့ ​ပြောပါတယ် ။

“ကျွန်မဆီက ဝန်ထမ်းရေးရာကတော့ သိမနေဘူးရှင်။အဲဒီ့နာမည် ကို ပိုင်ပိုင်ကိုလေ။ကျွန်မတို့ဆီမှာ ကျားဖြန့်ဆီမှာ ရောင်းစားခံရတာမျိုး ကျွန်မတို့ဆီမှာ မရှိပါဘူး”လို့ဟိုတယ်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ​ပေမယ့် မိခင်ဖြစ်သူက​တော့ ဟိုတယ်ကိုသူလိုက်သွားပြီး ​မေးမြန်းတဲ့အခါ အလုပ်ကိစ္စနဲ့ နယ်ကိုသွားတယ်လို့​ပြောတယ်လို့ ဆိုပါတယ်။သားဖြစ်သူ ပြန်​ရောက်မလာပဲ ​ပျောက်ဆုံး​နေပြီး ​ရောင်း

စားခံရကာ ရှမ်းပြည်နယ်ဘက်ကို​ရောက်​နေတယ်လို့ မိခင်ကကြားရလို့ ဟိုတယ်ကိုလိုက်သွားပြီး​​ငိုယိုပြီးပြော​ပေမယ့် ဟိုတယ်က ​တာဝန်ယူ​ဖြေရှင်း​ပေးတာမရှိဘူးလို့ ဖြစ်စဥ်ကိုသိသူတဦးက​ပြောပါတယ်။

ပိုင်ပိုင်ဟာ ဟိုတယ်မှာ ဧည်ကြိုအလုပ်ဝင်ပြီး​နောက်ပိုင်း အလုပ်သွားဆင်းရင် တစ်ပါတ်မှာတစ်ရက်ပဲ အိမ်ပြန်လာတက်​ပေမယ့် ဖုန်းပုံမှန်ဆက်တယ်လို့ မိသားစုထံကသိရပါတယ်။

အဆိုပါဟိုတယ်ကို People’s Spring က ထပ်မံ​မေးမြန်းတဲ့အခါ”ကျွန်မတို့ဘက်ကဖြေပေးလို့မရပါဘူး။ မန်နေဂျာကအလုပ်မအားသေးလို့ ပြော

ထားပေးပါမယ်။ ပြန်ဆက်သွယ်ပေးပါမယ်”လို့

ဖုန်းကိုင်​ဖြေဆိုသူတဦးက​ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တရားဥပ​ဒေစိုးမိုးမှုမရှိ​တော့ပဲ အကျင့်ပျက် ခြစားမှုတွေများ​နေတဲ့ ရန်ကုန်မြို့မှာ ကျားဖြန်လုပ်ကိုင်ဖို့ ဟိုတယ်တွေကို လိုက်လံငှားရမ်းမှုတွေများလာတယ်လို့ အိမ်ခြံမြေစျေးကွက်လုပ်ကိုင်သူအချို့က​ပြောပါတယ်။

နယ်စပ်ဒေသတွေကနေတဆင့် ပြန့်နှံ့လာတဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ရန်ကုန်မြို့တွင်းမှာပါ အခြေ

စိုက်ဖို့ နေထိုင်စရာငှားရမ်းမှုတွေရှိနေတာကြောင့် အငှားစျေးကွက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေ အကျိုး ဆောင်တွေကနေတဆင့် သိရတာပါ။

ရွှေလိပ်ပြာဟိုတယ်မှာလည်း ကျားဖြန်လုပ်ငန်းလုပ်ကိုင်တာတွေရှိ​နေပြီး လူအချင်းချင်းသတိထားဖို့ ကျားဖြန့်လုပ်ငန်းမှာလုပ်ကိုင်ခဲ့ပြီးအလုပ်ထွက်ခဲ့သူအချို့က​ပြောပါတယ် ။​ရွှေလိပ်ပြာဟိုတယ်က​တော့ ဟိုတယ်မှာကျားဖြန့်လုပ်ငန်း​တွေလုပ်ကိုင်တာမရှိဘူး သတင်း​​တွေထွက်လို့စစ်​ကောင်စီကဝင်စစ်တာခံရပြီး မမှန်သတင်း​ပြောသူ​တွေကို ဥပ​ဒေအရတုံ့ပြန်မယ်လို့စာထုတ်ထားပါတယ် ။

အာဏာသိမ်းစစ်တပ်အနေနဲ့လည်း ကျားဖြန်လုပ်ငန်းတွေကိုလိုင်းကြေးတွေယူပြီး မသိချင်​ယောင်​ပြုပေးကာ လုပ်ကိုင်ခွင့်ပြုထားတယ်လို့ ကျားဖြန့်လုပ်ငန်းမှာကိုယ်တိုင်ဝင်​ရောက် လုပ်ကိုင်ခဲ့သူအချို့က​ပြောပါတယ်။ စစ်တပ်နဲ့ တရုတ်တို့ကရှမ်းပြည်နယ်မှာ၊ ကရင်ပြည်နယ်မှာကျားဖြန့်လုပ်ငန်း​တွေတိုက်ဖျက်​ရေးလုပ်ကိုင်ခဲ့တယ်ဆို​ပေမယ့် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းမြို့အများစုမှာ ကျားဖြန့်လုပ်ငန်း​တွေပျံ့နှံ့​နေပြီလို့ ​ဒေသခံပြည်သူ​တွေက​ပြောပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ ကျားဖြန်လုပ်ငန်းတွေကို နှိမ်နှင်းနေသယောင် လုပ်နေပေမယ့် မြန်မာ-ထိုင်းနယ်စပ် ဒေသ တွေမှာ ကျားဖြန့်အလုပ်အကိုင်နေရာတွေပိုပေါလာတယ်လို့ မြေပြင်အခြေအနေကို သိရှိသူတစ်ဦးက ဆိုပါတယ်။

“ကျွန်မဆို ကျားဖြန့်လုပ်သားဟောင်းပဲ။အခု ပြန်ခေါ်နေတာ။ရွှေကုက္ကိုလ်သွားမလား။ဘုရားသုံးဆူ သွားမလား အကုန်သွားလို့ရတယ်။နေရာတွေမှ ပေါလို့။သူတို့ ပိတ်နေတာဆိုတာဟန်ပြတွေ။ကျွန်မကတော့ မလုပ်ချင်တော့ဘူး”လို့ မြဝတီကျားဖြန့်နေရာတစ်ခုမှာ သုံးနှစ်ကြာအလုပ်လုပ်ခဲ့သူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။