Connect with us

Hi, what are you looking for?

သတင်း

UFC ချန်ပီယံဂျိုရှုအာဗန်နဲ့ ဖြူဖြူကျော်သိန်းတို့ မလေးရှားမှာ ပရိသတ်တွေနဲ့ တွေ့ဆုံမယ်

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။

မေ-၁၃၊၂၀၂၆။ သုည/People’s Spring

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။

ယင်းအခမ်းအနားကို မေလ ၂၇ ရက် မနက် ၉ နာရီမှ ည ၁၁ နာရီအထိ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့က Jalan Loke Yew မှာ ရှိတဲ့ SJK(C) Chung Kwo ကျောင်းခန်းမမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဂျိုရှုအာဗန်နဲ့ ဖြူဖြူကျော်သိန်းတို့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်မှာဖြစ်ကြောင်း CRC က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

” အခမ်းအနားကို မနက် ၉ ကနေ ည ၁၁ အထိ လုပ်မှာပါ။ မေလ ၂၇ ရက်က Holiday ဖြစ်တဲ့အတွက် မလေးရှားရောက် မြန်မာတွေ၊ ချင်းလူမျိုးတွေ အားလုံး လာဖို့အတွက်လည်း CRC က မိတ်ဆွေတွေက ဖိတ်ခေါ်ထားပါတယ်။ CRC ရဲ့ ငွေရတုအခမ်းအနားဖြစ်ပြီး လက်မှတ်လည်းမရောင်းဘူးလို့ သိရတယ်။ ဖြူဖြူကျော်သိန်းနဲ့ ဂျိုရှုအာဗန်လည်း လာမှာဖြစ်လို့ တော်တော်များများ လာမယ်လို့လည်း မျှော်လင့်နေကြတယ်” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ဂျိုရှုအာဗန်ဟာ မလေးရှားခရီးစဉ်အပြင် ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ် ကိုလည်း သွားရောက်မှာဖြစ်ကြောင်း MMA သတင်းတင်ဆက်သူ The Ariel Helwani Show အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

မေလ ၃၀ ရက်မှာ မီဇိုရမ်ဒေသ အိုင်းဇော်မြို့မှာ ကျင်းပမယ့် MISMA Fight Night ပွဲမှာ UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျိုရှုအာဗန်က အထူးဧည့်သည်အဖြစ် တက်ရောက်မယ် လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

အမေရိကန်၊ ဩစတေးလျနဲ့ မလေးရှားနိုင်ငံတို့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ စုပေါင်းပြီး (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

(၁၇)ကြိမ်မြောက် World MMA Awards ဆုပေးပွဲမှာ ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန် က (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) Breakthrough Fighter of the Year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။