Connect with us

Hi, what are you looking for?

သတင်း

Proof Of Life ကမ်ပိန်း ၁လပြည့်သည်အထိ စစ်တပ်က တုံ့ပြန်မှုမရှိ

အာဏာသိမ်းစစ်တပ်က မတရားပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်‌ကြောင်း အထောက်အထားပြသဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ၁လပြည့်ပေမယ့် စစ်တပ်ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။

(လန်ဒန်မြို့ ပါလီမန်ရှေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ ရှိနေကြောင်း သက်သေပြပေးဖို့အတွက် "PROOF OF LIFE" လှုပ်ရှားမှုကို မေ ၁၇ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - CJ)

မေ-၂၂၊၂၀၂၆။သတိုး/People’s Spring

အာဏာသိမ်းစစ်တပ်က မတရားပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်‌ကြောင်း အထောက်အထားပြသဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ၁လပြည့်ပေမယ့် စစ်တပ်ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။

Proof Of Life ကမ်ပိန်းကို သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် ဦးဆောင်ပြီး မိခင်ဖြစ်သူ အသက်ရှင်ကြောင်း အထောက်အထားပြဖို့ ဧပြီ ၂၁ရက်မှာ စတင်ခဲ့တာပါ။

“မေမေ သက်ရှိထင်ရှားနဲ့ကျန်းကျန်းမာမာရှိနေသေးတယ်ဆိုတာကိုသိရဖို့တောင်းဆိုခဲ့တာ တော်

Public Service Announcement

Public Service Announcement

တော်ကြာပါပြီ။ ဒီတစ်ခါတော့ အားလုံးနဲ့ အတူတူပါဝင်တောင်းဆိုဖို့ တိုက်တွန်းချင်ပါတယ်။ ဒါက သားတစ်ယောက်အနေနဲ့အရိုးရှင်းဆုံးဆန္ဒပါ။ ပြည်သူတွေ အားလုံးရဲ့ဆန္ဒဖြစ်မယ်လို့ယုံကြည်ပါတယ်။ “လို့ ပြီးခဲ့တဲ့ ဧပြီ၂၁ရက်မှာ ကင်မ်က ရေးသားထားပါတယ်။

အဲဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ပြည်တွင်းကပြည်သူတွေ အပါအဝင် နိုင်ငံအသီးသီးမှာ ရောက်ရှိနေတဲ့ မြန်မာ‌တွေက တစ်ခဲနက်တောင်းဆိုမှုတွေပြုလုပ်နေကြတာပါ။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ဧပြီ ၃၀ရက်မှာ နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့ နေအိမ်ကို ရွှေ့ပြောင်းတယ်လို့ဆိုပြီး ဓာတ်ပုံတစ်ပုံထုတ်ပြခဲ့ပေမယ့် ပြည်သူတွေက မယုံကြည်ခဲ့ကြပါဘူး။

စစ်တပ်ကထုတ်ပြန်တဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ ရိုက်ကူးထားတယ်ဆိုတာကိုလည်း ဘယ်သူမှအတည်မပြုနိုင်ပါဘူး။

“သက်ရှိထင်ရှားရှိနေသေး‌ကြောင်း”သက်သေပြရန်”တောင်းဆိုနေတာဖြစ်ပါတယ်။”ဓာတ်ပုံပြရန်” မဟုတ်ပါ။Proof Of Life- right now” လို့ Proof Of Life ကိုဦးဆောင်စီစဉ်တဲ့ All In One Piece Movement က စစ်တပ်ရဲ့ ထုတ်ပြန် ချက်အပေါ် တုံ့ပြန်ခဲ့ပါတယ်။

စစ်တပ်က တရုတ်နိုင်ငံနဲ့ အာဆီယံက ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောကြားမှုတွေရှိပေမယ့် လူထူယုံကြည်နိုင်တဲ့ ဓာတ်ပုံ ၊ ဗီဒီယို စတဲ့ တိကျတဲ့ အချက်အလက်တစ်စုံတစ်ရာကို ထုတ်ပြန်ခြင်းမရှိပါဘူး။

လာမယ့်ဇွန်လမှာ အသက် ၈၁ နှစ်ပြည့်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အသက်ရှင်ကြောင်း ယုံကြည်ခိုင်မာတဲ့သက်သေပြဖို့ ငြင်းဆန်နေတာဟာ ဝိဉာဥ်အကျဥ်းသားအဖြစ် နေသားကျအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ မေလ ၁၇ရက် က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဗြိတိန်ပါလီမန်ရှေ့မှာ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်တပ်က မတရားပုဒ်မတွေတပ်ကာ ထောင်ဒဏ်ချမှတ်ခံထားရတာ‌ကြောင့် ထောင်ထဲမှာနေထိုင်နေရတာ ရက်ပေါင်း ၁၉၃၆ ရက်ရှိပါပြီ။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)