Connect with us

Hi, what are you looking for?

သတင်း

ပြည်ထောင်မှာနိုင်ကျဉ်းတစ်ဦးလုံလောက်တဲ့ဆေးဝါးကုသမှုမရလို့သေဆုံး

ပဲခူးတိုင်း၊ပြည်အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားတစ်ဦးလုံ လောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့်မေလ ၂၃ ရက်မှာဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအသိပေးထားပါတယ်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး

မေ – ၂၉ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

ပဲခူးတိုင်း၊ပြည်အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားတစ်ဦးလုံ လောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတာကြောင့်မေလ ၂၃ ရက်မှာဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအသိပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားကိုမြင့်နိုင်(ခ)မြင့်စိုးဟာထောင်တွင်းဆေးကုသမှုမလုံလောက်ခဲ့တဲ့အတွက်မေလ ၂၃ ရက်နေ့ညပိုင်းမှာသေဆုံးသွားတာလို့ PPNM က မနေ့ကအသိပေးထုတ်ပြန်တာပါ။

အဲဒီနိုင်ငံရေးအကျဉ်းသားအမျိုးသားဟာသွေးတိုးရောဂါအခံရှိသူဖြစ်သလ်ိုမဆုံးခင်ရက်ပိုင်းအလိုမေလ၂၁ ရက်မှာလေဖြတ်သွားတာကြောင့် ပြည်မြို့ကုတင်(၅၀၀)ဆေးရုံမှာဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့်ထောင်တွင်းမှာဆေးဝါးကုသမှုကောင်းကောင်းမွန်မရခဲ့တာ အပြင်ရောဂါပြင်းထန်တာတွေကြောင့်မေလ ၂၃ ရက် ည ၁၁ နာရီဝန်း ကျင်မှာဦးနှောက်သွေးကြောပေါက်ပြီးဆေးရုံမှာသေဆုံးသွားတာလို့ PPNM ကအသိပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားကိုမြင့်နိုင်(ခ)မြင့်စိုးဟာအဖမ်းမခံရခင်ကရန်ကုန်မြို့မှာတက္ကစီယာဉ်မောင်းတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒိီနောက်သူကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(ဂ)၊ ၅၀(ဈ) တို့နဲ့ ၂၀၂၅ ခုနှစ်၊မေလ ၃ ရက်နေ့မှာထောင်ဒဏ်၁၀ နှစ် ချမှတ်ခဲ့ပြီး အင်းစိန်ထောင်ကတဆင့်ပြည်ထောင်ဆီထောင်ပြောင်းခဲ့တာပါ။

ကိုမြင့်နိုင်နဲ့ အတူဖမ်းဆီးခြင်းခံရတဲ့ ဇနီးဖြစ်သူကလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ဂ)၊ ၅၀(ဇ) တို့နဲ့ထောင်ဒဏ် ၁၀ နှစ်ချခံရပြီး အင်းစိန်ထောင်မှာအကျဉ်းကျနေပါတယ်။

ပြည်ထောင်မှာအခုလ မေလ ၂၂ ရက်မှာနှလုံးသွေးကြောကျဉ်းရောဂါခံစားနေရတဲ့ပြည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်ကိုဌေးအောင်နိုင်လည်းထောင်မှာလုံလောက်တဲ့ဆေးဝါးကုသမှုမရလို့ သေ ဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။