Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့အနီး တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

(ကချင်ပြည်နယ်၊ ရွှေကူမြို့က စစ်တပ်စခန်း သိမ်းပိုက်ပြီးနောက် တွေ့ရတဲ့ KIA နဲ့ KPDF များ။ ။ဓာတ်ပုံ-မြို့လှ-KPDF)

ဇွန်-၁၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။

” တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်သွားတယ်။ ၄လမ်းဆုံဘက် လက်နက်ကြီးကျလို့လူထိခိုက်တယ်လို့ ပြောနေကြတယ်။ လေကြောင်းသတိပေးချက်တွေလည်း ကျနော်တို့ကြားတယ်” လို့ ရွှေကူမြို့ကနေတိမ်းရှောင်လာခဲ့သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကချင်လွတ်မြောက်ရေးတပ် (KIA) လက်အောက်ခံ တပ်ရင်း (၁၂) က ရွှေကူမြို့နယ်မှဒေသခံများ မြို့မှခေတ္တတိမ်းရှောင်ဖို့ ဇွန်လ၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကို ပိတ်ဆို့ခဲ့ပြီး ဒေသခံတွေကိုလည်းမြို့ကနေမထွက်ခွာဖို့ ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

“တော်တော်များများလည်းမထွက်ကြဘူး။ ထွက်တဲ့သူတွေလည်းရှိပါတယ်။ဒါပေမယ့် စစ်တပ်က ပိတ်ဆို့ထားတော့ ပုံမှန်မဟုတ်တဲ့လမ်းတွေကနေ ရှောင်ကြရတာ”လို့ ရွှေကူမြို့ခံတစ်ဦးကပြောပါတယ်။

ရွှေကူမြို့ဒေသခံတွေဟာ ဒီနေ့မနက်ပိုင်းမှာ ကားတွေနဲ့ မိုးမိတ်မြို့ဖက်ကိုတိမ်းရှောင်လာတယ်လို့ မိုးမိတ်ဒေသခံတွေကပြောပါတယ်။ ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းစစ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ KIA နဲ့ နီးစပ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ တိုက်ပွဲဖြစ်ပွားနေတာမှန်ကန်ပြီး အသေးစိတ်မပြောနိုင်သေးဘူးလို့ ဒီနေ့ညပိုင်းမှာ People’s Spring ကို ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ