Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်တားဆီးပိတ်ဆို့ကြဖို့ မြိုင် ပကဖ တိုက်တွန်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်ပြင်ဆင်တားဆီးပိတ်ဆို့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့(ဇွန်လ ၁၂ရက်)မှာ သတိပေးထုတ်ပြန်ပါတယ်။

(မြိုင်ပကဖဟာ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့နဲ့ ပူးပါင်းပြီး စုဖွဲ့လေးကျင့်မှုသင်တန်း အပတ်စဉ်(၃) ရဲဘော်တွေကို လက်နက်တပ်ဆင်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - မြိုင် ပကဖ)

ဇွန် -၁၂၊၂၀၂၆။ဖိုးသား/People’s Spring

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်ပြင်ဆင်တားဆီးပိတ်ဆို့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့(ဇွန်လ ၁၂ရက်)မှာ သတိပေးထုတ်ပြန်ပါတယ်။

ဒီကနေ့ မနက်အစောပိုင်းက ပခုက္ကူတပ်မ(၁၀၁) ကနေ ပခုက္ကူ-ကမ္မ လမ်းပိုင်းပေါ်က ငဖောင်ကန်ရွာဘက်ကို အင်အား ၃၀၀ ထက်မနည်းရောက်လာတဲ့အပြင် နောက်ထပ် ကားအစီးရေ ၂၀ ၀န်းကျင်လည်း ပခုက္ကူမြို့က ထပ်ထွက်လာတယ်လို့ ဆိုပါတယ်။

“ကမ္မဘက်ကို နီးလာတယ်။အခုလက်ရှိ ကန်တော်ရွာကို ကျော်ဖို့ လုပ်နေတယ်။ကမ္မကတော့ သူတို့နဂိုကတည်းက မွှေပြီးသားဆိုတော့ မြိုင်နဲ့ ပေါက် ဘယ်နေရာကို တက်မလဲကြည့်ရမှာ”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့မေ ၂၃ ရက်နဲ့ ‌အခုဇွန်လဆန်းပိုင်းက ‌မြိုင် နဲ့ ပေါက်မြို့နယ်က ပြည်သူ့စစ်ကျေးရွာ ၂ရွာနဲ့ စစ်တပ်စခန်းတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက သိမ်းနိုင်ခဲ့တာရှိပါတယ်။

ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်နိုင်တယ်လို့ မြိုင်မြို့နယ်စစ် ရေးတာ၀န်ရှိသူက သုံးသပ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ မြေပြင်ပထဝီအနေအထားနဲ့ ဒေသခံတွေဖြစ်လို့ အကျွမ်းတဝင်ရှိနေပြီး စစ်တပ်စစ်ကြောင်း၊ ရိက္ခာတင်ယာဉ်တွေက ရှေ့ကိုဆက်လက်ထွက်ခွာမည်ဖြစ်တာကြောင့် မိုင်းနဲ့ အခြားတိုက်ခိုက်နိုင်တဲ့ ပစ္စည်းတွေ ပြင်ဆင်ထားဖို့ မြိုင်ကပဖက တိုက်တွန်းပါတယ်။

ဒါ့အပြင် အရပ်မျက်နှာပေါင်းစုံမှ စစ်ကြောင်းတွေ ထပ်ဝင်ရောက်လာနိုင်လို့ အားနည်းချက်မရှိအောင် ကြိုတင်ပြင်ဆင်ထားရှိဖို့ သတိပေးပါတယ်။

ဒါကြောင့် ဇုန်၊ တိုက်နယ်၊ ကျေးရွာ‌တွေက တော်လှန်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့

စစ်ကြောင်းတွေ ဖြတ်တောက်နိုင်ရေး အချိန်မီကြိုတင်ပြင်ဆင်ထားဖို့နဲ့ သတင်းလက်ဦးမှုရရှိစေရေး အဖွဲ့အစည်းအသီးသီး ချိတ်ဆက်ကာတန်ပြန်တိုက်ခိုက်နိုင်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook