Connect with us

Hi, what are you looking for?

သတင်း

ISPတည်ထောင်သူ ဦးမင်းဇင်ကို သူလျှိုစွပ်စွဲချက်နဲ့ဖမ်းဆီးထားကြောင်း တရုတ် အတည်ပြု

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP)ကိုတည်ထောင်ထားသူ၊အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားတဲ့ ဦးမင်းဇင်ကိုသူလျှိုစွပ်စွဲချက်နဲ့ဖမ်းဆီးထားကြောင်း တရုတ် အစိုးရက ဒီက​နေ့အတည်ပြုလိုက်ပါတယ်။

(မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-M)တည်​ထောင်သူ ဦးမင်းဇင်ကိုဆွေး​နွေးပွဲတခုမှာ​တွေ့ရစဥ်)

ဇွန်-၁၂၊၂၀၂၆။People’s Spring

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP)ကိုတည်ထောင်ထားသူ၊အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားတဲ့ ဦးမင်းဇင်ကိုသူလျှိုစွပ်စွဲချက်နဲ့ဖမ်းဆီးထားကြောင်း တရုတ် အစိုးရက ဒီက​နေ့အတည်ပြုလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ဦးမင်းဇင် အဖမ်းခံရကြောင်း လူမှုကွန်ရက်ပေါ် သတင်းတွေ ပျံ့နှံ့နေခဲ့တဲ့နောက် ဇွန်လ ၁၂ ရက်နေ့မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သူ့ကို သူလျှိုမှု စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ကြေညာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်စေနိုင်လောက်တဲ့ သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက် ဆက်နွှယ်နေကြောင်း သံသယ ရှိနေတာကြောင့် ဦးမင်းဇင်ကို ဖမ်းဆီးထားတာလို့သတင်းစာ ရှင်းလင်းပွဲမှာတရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအရာရှိ လင်ကျန်းက ပြောကြားသွားပါတယ်။ ဒါပေမဲ့ အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ အသေးစိတ် နောက်ခံအကြောင်းအရာတွေကိုတော့တရုတ်ဖက်ကမထုတ်ပြန်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ISP-Mဟာမြန်မာ့နိုင်ငံရေး၊ပြည်တွင်း ပဋိပက္ခတွေရဲ့အရွေ့တွေကိုစောင့်ကြည့် လေ့လာနေတဲ့သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ISP-Mဟာ မြန်မာ့ နယ်စပ် ဒေသတွေအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးပုံ အကြောင်းတွေ၊ တရုတ်ဟာ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ် ပံ့ပိုးပုံတွေကို ISP-Mက ဖော်ပြခဲ့ဖူးပါတယ်။

အမည်မဖော်လိုသူ ISP-M သတင်းရင်းမြစ် တစ်ဦးကတော့ ဦးမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့တုန်းက ယူနန်ပြည်နယ်၊ ကူမင်းမြို့က လေဆိပ်တစ်ခုမှာ အဖမ်းခံခဲ့ရတာလို့ ပြောပါတယ်။သူဟာအစည်းအဝေးတစ်ခု သွားတက်ရင်း တရုတ်အာဏာပိုင်တွေရဲ့ထိန်းသိမ်းခြင်းကိုခံခဲ့ရတာလို့အမည်မဖော်လိုသူ နောက်ထပ် နီးစပ်သူ တစ်ဦးက ဆိုပါတယ်။ ဦးမင်းဇင် အဖမ်းခံရလို့ မိသားစုက စိုးရိမ်သောကရောက်နေကြောင်းလည်း အဲဒီ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

တရုတ်အာဏာပိုင်တွေကအခုဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ကွမ်ကျိုးမှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ရုံးဆီ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်သွယ်အသိပေးပြီး ယဖြစ်တယ်လို့ ပြောကြားထားပါတယ်။

ဦးမင်းဇင် အဖမ်းခံရမှုအပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ISP-Mကပါ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းISP-Mဟာထိုင်းနိုင်ငံမှာ​ပြောင်း​ရွေ့ အခြေစိုက်ပါတယ်။ISP-Mရော၊ တခြား တရုတ်အရေး အကဲခတ်တွေကပါ စစ်တပ်ဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ ဩဇာဖြန့်ကျက်လွှမ်းမိုးဖို့အတွက်အာဏာသိမ်းစစ်တပ်ကိုရော၊ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ပါ ထိတွေ့ ဆက်ဆံတာ၊ ထောက်ပံ့တာတွေရှိနေကြောင်းသုံးသပ်ထားကြပါတယ်။

ကိုးကား-AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။