Connect with us

Hi, what are you looking for?

အတွေးအမြင်

ကမ္ဘာ့အပယ်ခံနှစ်ဦးရဲ့ “အဆင့်သစ်” အချစ်ဇာတ်လမ်း သို့မဟုတ် အော့နှလုံးနာဖွယ် ဟာသပြဇာတ်

သူ ဗီလိန်ခန်းကပါဝင်ထားတဲ့မြန်မာမှာလည်း ပြည်တွင်းစစ်မီးက တောက်လောင်နေဆဲ၊ ယူကရိန်းမှာလည်း ရုရှားကျူးကျော်စစ်မီးကမငြိမ်းသေးဘူ၊ နှစ်နိုင်ငံပြည်သူတွေ အနာတရနဲ့ ဖိအားတွေကြားမှာ အသက်ရှူနေရချိန်မှာပဲ.. နေပြည်တော်က ဇူလိုင်၂ ရက်နေ့ အော်ပရာကတော့ အဲ့ဒီအခြေအနေတွေကို ပိတ်ကားပေါ်မှာ နောက်ခံထားပြီး သွေးစွန်းနေတဲ့ စင်မြင့်ထက်ကနေ ကမ္ဘာကြီးကို ရယ်ခိုင်းနေတဲ့ အော့နှလုံးနာဖွယ် ရယ်စရာဇာတ်ထုပ်ကြီးတစ်ခုကပြသွားတာ သက်သက်ပါပဲ။

– ဖိုးရွှေလိပ်(ရှမ်းကန်) ရေးသားသည်။

သူ ဗီလိန်ခန်းကပါဝင်ထားတဲ့မြန်မာမှာလည်း ပြည်တွင်းစစ်မီးက တောက်လောင်နေဆဲ၊ ယူကရိန်းမှာလည်း ရုရှားကျူးကျော်စစ်မီးကမငြိမ်းသေးဘူ၊ နှစ်နိုင်ငံပြည်သူတွေ အနာတရနဲ့ ဖိအားတွေကြားမှာ အသက်ရှူနေရချိန်မှာပဲ.. နေပြည်တော်က ဇူလိုင်၂ ရက်နေ့ အော်ပရာကတော့ အဲ့ဒီအခြေအနေတွေကို ပိတ်ကားပေါ်မှာ နောက်ခံထားပြီး သွေးစွန်းနေတဲ့ စင်မြင့်ထက်ကနေ ကမ္ဘာကြီးကို ရယ်ခိုင်းနေတဲ့ အော့နှလုံးနာဖွယ် ရယ်စရာဇာတ်ထုပ်ကြီးတစ်ခုကပြသွားတာ သက်သက်ပါပဲ။

ဇာတ်လိုက်ကျော်တွေကတော့ တခြားသူတွေမဟုတ်ပါဘူး။ ဥရောပမှာ ဘယ်သူကမှ အိမ်ထဲပေးမဝင်လို့ အာလူးအိတ်ဆွဲပြီး နေပြည်တော်အထိ အဖော်လာရှာတဲ့ ဘီလာရုစ်က ‘အပယ်ခံ အာလူးဘုရင်’ လူကာရှန်ကို နဲ့ တစ်နိုင်ငံလုံးကို ချောက်ထဲတွန်းချပြီးမှ ‘နိုင်ငံတော်တည်ငြိမ်နေပါပြီ’ လို့ မျက်နှာသေကြီးနဲ့ ဟာသလုပ်တတ်တဲ့ နေပြည်တော်လူပြက် မင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။

ဒီဇာတ်ထုပ်အတွက် လူကာရှန်ကိုက ခရီးဆောင်အိတ်ထဲမှာ အာလူးတွေအပြင် “ပြည်သူတွေရဲ့ လူနေမှုဘဝ သာယာဝပြောရေး” ဆိုတဲ့ ဟာသပြကွက်ကိုပါ သယ်ဆောင်လာခဲ့ပါသေးတယ်။ မိမိနိုင်ငံက ပြည်သူတွေကို အကျဉ်းထောင်ထဲ ထည့်၊ အတိုက်အခံမှန်သမျှကို နှိပ်ကွပ်ထားပြီး ရာသက်ပန်သမ္မတရူး ရူးနေတဲ့ လူကာရှန်ကိုက ရောဂါတူမိတ်ဆွေကြီးရှိရာ မြန်မာပြည်အထိ လာပြီး ပြည်သူ့အကျိုးစီးပွားအကြောင်း ပြောနေတာဟာ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ “သိုးရေခြုံထားသော ဝံပုလွေ” ပုံပြင်ကို ပြန်လည်သတိရသွားစေတာ အမှန်ပါ။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဒေသတွင်း အခြားနိုင်ငံတွေအတွက် စံနမူနာတစ်ခုအဖြစ် တည်ဆောက်သွားသင့်တယ်…”

ဒါလည်း သူပြောတာမှန်ပါတယ်။ ဘယ်လိုပုံစံနဲ့ နိုင်ငံကို ပျက်စီးအောင်လုပ်ရမလဲ၊ ပြည်သူကို ဘယ်လိုနည်းလမ်းမျိုးစုံနဲ့ နှိပ်စက်ရမလဲဆိုတဲ့ နေရာမှာတော့ သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ တကယ့်ကို အာဏာရှင်နိုင်ငံတွေ ထဲမှာ “စံပြ” အဆင့်ပါပဲ။ သူတို့နှစ်ယောက်ဆီမှာ “နိုင်ငံတစ်ခုကို အချိန်တိုအတွင်း ဘယ်လိုဒေဝါလီခံအောင် လုပ်မလဲ” ဆိုတဲ့ စံညွှန်းလုပ်ပုံလုပ်နည်း (SOP) တွေလည်း ရှိပါတယ်။

လူကာရှန်ကိုက ဆက်ပြီး “ကျွန်တော်တို့ဟာ ဘယ်သူ့ကိုမှ ဆန့်ကျင်ဖို့ အင်အားပူးပေါင်းနေတာ မဟုတ်ပါဘူး” လို့ မျက်နှာသေနဲ့ ပြောသွားပါသေးတယ်။ ဟုတ်ကဲ့ပါ… ဘယ်သူ့ကိုမှ ဆန့်ကျင်ဖို့ မဟုတ်ပါဘူးလို့‌ပြောရင်း ကိုယ့်နိုင်ငံသား ပြည်သူတွေကိုပဲ ပြန်ပြီး ဗုံးကြဲဖို့၊ ပစ်ခတ်ဖို့အတွက် ဘီလာရုစ်က လက်နက်တွေ၊ နည်းပညာတွေနဲ့ စစ်ရဟတ်ယာဉ် အပိုပစ္စည်းတွေကို “ချစ်ကြည်ရေး အမှတ်တရ”အဖြစ် ရောင်းချပေးနေတာ သက်သက်ပါ။

ကမ္ဘာကြီးမှာ အခြေအနေတွေ မြန်မြန်ဆန်ဆန်ပြောင်းလဲနေလို့ “တက်ကြွတဲ့ လုပ်ဆောင်ချက်တွေနဲ့ တုံ့ပြန်ရမယ်” ဆိုတာကလည်း အဓိပ္ပာယ်အစစ်အမှန်ကတော့ “တရွာလုံးက ဘယ်မင်္ဂလာဆောင်ကမှ ဖိတ်စာမပေးဘဲ ဘေးဖယ်ခံထားရလို့ ရွာကဇိုးနှစ်ယောက် ထောင့်တစ်နေရာမှာ ကပ်ပြီး ခိုးခိုးကြိတ်ကြိတ် အရက်ခိုးသောက်နေကြတဲ့” အဖြစ်ကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့ အထွတ်အထိပ် ဟာသကတော့ နေပြည်တော်လူပြက် မင်းအောင်လှိုင်ရဲ့ စကားပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးကို ခေါင်းဆောင်တွေတင်မကဘဲ “လွှတ်တော်တွေ၊ ပြည်သူတွေ အကြားအထိ” တိုးချဲ့ချင်သတဲ့။

အော်… ခမျာလည်း ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့တဲ့ လွှတ်တော်ကြီးကို အိမ်မက်ထဲမှာ ပြန်မက်နေ ရှာတာလား၊ ဒါမှမဟုတ် အိပ်မပျော်တဲ့ညတွေများလို့ အိပ်ဆေးတွေသောက်ရင်း အတိတ်မေ့ သွားတာလား မသိပါဘူး။

“ပြည်သူချင်း ဆက်ဆံရေး” ဆိုတာကလည်း “တစ်ဖက်က ဖိနှိပ်ခံနေရတဲ့ ဘီလာရုစ်ပြည်သူတွေနဲ့ အခြားတစ်ဖက်က ဒုက္ခပင်လယ်ဝေနေရတဲ့ မြန်မာပြည်သူတွေအကြား ဝေဒနာချင်း စာနာကူညီမှု” ကို ပြောတာဆိုရင်တော့ တစ်မျိုးပေါ့။

တကယ်တော့ သူတို့နှစ်ယောက်ကိုကြည့်ရတာ “ကြက်သူခိုးနှစ်ယောက်က ညဘက် လသာဆောင်မှာ ထိုင်ပြီး ကြက်မွေးမြူရေးအသင်းကြီး တိုးတက်ဖို့ ဆွေးနွေးနေသလို” ပါပဲ။

ဇာတ်သိမ်းခန်းအနေနဲ့ကတော့ အာရှခရီးစဉ်တွေအပြီး နေပြည်တော်ကို ရောက်လာတဲ့ လူကာရှန်ကိုနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ရဲ့ တွေ့ဆုံမှုဟာ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ “အထီးကျန် အာဏာရှင်နှစ်ဦးရဲ့ သွေးသောက်ညီနောင်ဖွဲ့ပွဲ” အဖြစ် မှတ်တမ်းဝင်သွားကြောင်းဖြစ်ပြီး၊ ပြည်သူတွေအတွက်ကတော့ သွေးစွန်းနေတဲ့ လက်နှစ်ဖက် ပူးပေါင်းပြီး “အဆင့်သစ်တစ်ခု” လို့ ကြွေးကြော်နေတဲ့ ရုပ်ပျက်ဆင်းပျက် ဟာသပြဇာတ်တစ်ခုသာ ဖြစ်ပါတော့တယ်။ ။

ကိုးကား – Anadolu Agency (AA)

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။

သတင်း

မင်းအောင်လှိုင်ခရီးစဥ်ဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ သေချာစွာပြန်လည်စဥ်းစားသင့်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးပြော

ဆောင်းပါး

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး စွန့်လွှတ်တော့မယ့် အရိပ်လက္ခဏာတွေကို ထုတ်ဖော်ပြသလာပါတယ်။

သတင်း

ရှုံးပွဲမရှိဘဲဗိုလ်လုပွဲတက်ရောက်ခဲ့​သောမြန်မာအမျိုးသမီး​ဘောလုံးအသင်းသည် အာဏာသိမ်း​ခေါင်း​ဆောင်က ချန်ပီယံဆုရယူ​ပေးရန် မှားကြားအပြီးနောက် ဗိုလ်လုပွဲတွင်သြစ​တြေးလျ အသက် ၂၃ နှစ်​အောက်လက်​ရွေးစဥ် အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့သည်။