Connect with us

Hi, what are you looking for?

အတွေးအမြင်

ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့အိပ်မက် ၂၀၂၆ ကမ္ဘာ့ဖလား

-John Doe ရေးသားသည်။

၂၀၂၆ကမ္ဘာ့ဖလားပွဲ မစတင်ခင်လေးမှာပဲဩစတြေလျအမျိုးသားဘောလုံးအသင်းသားတွေက ဗီဒီယိုလေးတစ်ခုကိုအင်တာနက်ကတစ်ဆင့်ဖြန့်ချိခဲ့ပါတယ်။

ဩစတြေလျဘောလုံးအသင်းကိုဆောကာရူးစ် (Socceroos) လို့သူတို့နိုင်ငံသားတွေကချစ်စနိုးခေါ်ကြတယ်။ဘောလုံး(Soccer)နဲ့သားပိုက်ကောင် (Kangaroos)ကိုပေါင်းစပ်ခေါ်ဝေါ်ကြတာပါ။

ဒီဗီဒီယိုအဖွင့်မှာအသင်းရဲ့တောင်ပံကစားသမားအဝါမာဘီလ်က”ကျွန်တော်ကကင်ညာနိုင်ငံ၊ကာကူမာကဒုက္ခသည်စခန်းမှာမွေးပါတယ်။ကျွန်တော်မိဘတွေကဆူဒန်လူမျိုးတွေပါ”လို့စပြောပါတယ်။ နောက်တန်းခံစစ်မှူးအဇစ်ဘာဟစ်ချ်က“ကျွန်တော့်မိသားစုကဆိုက်ပရပ်စ်ကပြောင်းရွှေ့လာတာပါ”လို့နှုက်ဆက်တယ်။

Public Service Announcement

Public Service Announcement

နောက်တစ်ယောက်ကသူဟာဂီနီကနေဩစတြေလျကိုဒုက္ခသည်ဘဝနဲ့ပြောင်းရွှေ့လာခဲ့တာပါလို့ပြောတယ်။နောက်တစ်ယောက်ကသူဟာခရိုအေးရှားကပါတဲ့။ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်သူတို့ရဲ့နောက်ကြောင်းကိုဖေါ်ပြပြီးမိတ်ဆက်ကြတယ်။

မိတ်ဆက်ပြီးသွားတဲ့အခါမှာတော့တစ်ဦးချင်းအလှည့်ကျပြောသွားကြတာက

”မင်းဘယ်ကပဲလာလာဘောလုံးဟာလူသားတိုင်းအတွက်ဖြစ်တယ်”ဆိုတဲ့စကားပါပဲ။

‘ငါတို့ရဲ့မတူကွဲပြားမှုဟာ ငါတို့ရဲ့ ခွန်အားပဲ”လို့ဆက်ပြောပါတယ်။

Socceroosတွေရဲ့သတင်းစကားဟာလူမျိုးရေးခွဲခြားမှုတွေနဲ့နိုင်ငံခြားသားမုန်းတီးမှုတွေအသံကျယ်လောင်နေတဲ့ဒီနေ့ကမ္ဘာကိုတပ်လှန့်သတိပေးလိုက်တာဖြစိပါတယ်။တစ်ဖက်မှာကမ္ဘာ့ဖလားကိုအိမ်ရှင်အဖြစ်ကျင်းပမယ့်ဒေါ်နယ်ထရမ့်ရဲ့အမေရိကန်ကိုလည်းသူတို့ရဲ့ခံယူချက်ကိုကျေညာလိုက်တာပါ။

Socceroosတွေရဲ့ဩစတြေလျမှာလည်းလက်ယာစွန်းအမျိုးသားရေးဝါဒီအမည်ခံတွေကခေါင်းထောင်နေပါတယ်။One Nation ပါတီရဲ့One Nationလှုပ်ရှားမှုကအရှိန်ရနေပါတယ်။နိုင်ငံခြားသား မုန်းတီးရေးလှုပ်ရှားမှုဆိုပါတော့။ဒီနည်းကရွေးကောက်ပွဲမှာမဲရလွယ်တယ်မဟုတ်လား။

‘ရေကြည်ရာမြက်နုရာ’ကိုပြောင်းရွှေ့အခြေချနေထိုင်ကြတဲ့သတ္တဝါတွေထဲမှာလူသားကထိပ်ဆုံးမှာပါဝင်ပါတယ်။ဒီအချက်ကိုသက်သေပြဖို့အတွက်အကောင်းဆုံးဥပမာကတော့ ၂၀၂၆ကမ္ဘာ့ဖလားပဲ ဖြစ်ပါတယ်။

တချို့ကစစ်ဖြစ်လို့ရွှေ့ပြောင်းကြတယ်။တချို့ကနိုင်ငံရေးအရတိမ်းရှောင်ကြတယ်။တချို့ကတော့ ငတ်မွတ်လို့ဇာတိမြေကိုစွန့်ခွါကြတယ်။တချို့ကရာသီဥတုပြောင်းလဲမှုကြောင့်နေရာသစ်ကိုရှာဖွေကြ တယ်။ တချို့ကတော့သူတို့ရင်ထဲကရည်မှန်းချက်တွေကြောင့်အိမ်နဲ့အဝေးကြီးကိုစွန့်စားထွက်လာ ကြတယ်။

တချို့ကတော့ဘောလုံးကန်ဖို့အတွက်သမုဒ္ဒရာတွေကိုကျော်ဖြတ်လာကြပါတယ်။ အနောက်အာဖရိက ဟာထင်ရှားတဲ့သာဓကဖြစ်ပါတယ်။

မကြာသေးမီကစစ်တမ်းတစ်ခုမှာဂါနာနိုင်ငံကအသက်၁၈နဲ့၃၉အကြားလူငယ်တွေကိုသူတို့ရဲ့ဘဝရည်မှန်းချက်ကဘာလဲလို့မေးကြည့်တဲ့အခါ၁၃ရာခိုင်နှုန်းကပရော်ဖက်ရှင်နယ်ဘောလုံးသမားဖြစ်ချင်တယ်လို့ဖြေကြပါတယ်။ဂမ်ဘီယာကလူငယ်တွေရဲ့၁၀ရာခိုင်နှုန်းကလည်းဒီအတိုင်းဖြေကြပါတယ်။

သူတို့နိုင်ငံတွေရဲ့ဘောလုံးပွဲတွေမှာမျှော်လင့်ချက်ဟာနည်းပါးလှပါတယ်။(မြန်မာကတော့ပိုဆိုးနိုင်ပါတယ်)။နည်းပါးလှတဲ့ခံစားခွင့်တွေ၊ခြစားမှုတွေပြည့်နှက်နေတဲ့ဘောလုံးအဖွဲ့ချုပ်တွေကိုသူတို့အားကိုးလို့မရတဲ့အခါဘဝကိုရင်းပြီးစွန့်စားဖို့သူတို့ဆုံးဖြတ်ခဲ့တာပါပဲ။

ဒီလိုနဲ့သမုဒ္ဒရာကိုကျော်ဖြတ်ပြီးဥရောပနဲ့တခြားဒေသတွေကိုသူတို့စွန့်စားရောက်ရှိလာကြတယ်။တချို့လည်းလူမှောင်ခိုတွေလက်ထဲကနေရုန်းမထွက်နိုင်ခဲ့ကြလို့ဘဝပျက်ခဲ့ကြပါတယ်။ဘောလုံးအိပ်မက်နဲ့လူမှောင်ခိုတွေအကြောင်းကိုတော့လူသိနည်းလှပါတယ်။ဒါပေမယ့်ဒါဟာကြီးမားတဲ့ဒုစရိုက်မှုတစ်ခုဖြစ်ပါတယ်။ ဘောလုံးမျော်လင့်ချက်တွေနဲ့တိုင်းပြည်ကထွက်လာတဲ့အာဖရိကန်လူငယ်တွေကိုမသမာတဲ့လူမှောင်ခိုသမားတွေကအမြတ်ထုတ်ကြတဲ့ပြဿနာပါ။

အခုကမ္ဘာ့ဖလားပွဲမှာဝင်ကစားကြတဲ့ကစားသမားတွေထဲကလေးယောက်မှာတစ်ယောက်ဟာရွှေ့ပြောင်းအခြေချနေထိုင်သူ(ဒါမှမဟုတ် နိုင်ငံခြားမှာမွေးဖွားသူ)ဖြစ်ပါတယ်။ ကျွန်းနိုင်ငံဖြစ်တဲ့ ကူရာဆောင်း (Curacao)ရဲ့အသင်းသားတွေရဲ့၉၆ ရာခိုင်နှုန်းကနိုင်ငံခြားမှာ မွေးဖွားသူတွေပါ။

ဇွန် ၁၃ရက်မှာကစားကြတဲ့အမေရိကန်နဲ့ပါရာဂွေးပွဲစဉ်မှာချေစွမ်းပြပြီးနှစ်ဂိုးသွင်းသွားတဲ့ ဖိုလာရင် ဘာလိုဂန်ရဲ့မိဘတွေဟာနိုင်ဂျီးရီယန်းတွေပါ။အမေရိကန်က၄ဂိုး၁ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ပြောင်းရွှေ့အခြေချနေထိုင်သူတွေကိုအပြစ်တင်ပြပြီးမဲရအောင်လုပ်ခဲ့တဲ့ဒေါ်နယ်ထရမ့်ကတော့ဒါကိုထုတ်ပြောမှာမဟုတ်ပါဘူး။ဒါပေမယ့်အမေရိကန်အသင်းရဲ့နိုင်ပွဲကိုတော့သူပဏာစားမှာသေချာပါတယ်။

အမေရိကန်နဲ့ကနေဒါတို့ဖွဲ့စည်းထားတဲ့Major League Soccer (MSL)ရဲ့ကစားသမား ၅၀ရာခိုင်နှုန်း လောက်ကရွှေ့ပြောင်းအခြေချနေထိုင်သူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေပါ။

ဘောလုံးသမိုင်းမှာရွှေ့ပြောင်းအခြေချသူတွေကတည်ဆောက်ခဲ့တဲ့မှတ်တိုင်တွေကများပြားလွန်းပါ တယ်။ရီးရဲမက်ဒရစ်အသင်းကြီးကိုအမြင့်ဆုံးဂုဏ်သိက္ခာအထိတွန်းပို့ခဲ့တဲ့ဒီစတီဖာနိုဟာအာဂျင်တီးနားကနေ စပိန်ကိုပြောင်းရွှေ့လာသူပါ။မက်ဆီကလည်း၁၃နှစ်သားမှာသူ့မိသားစုနဲ့အတူစပိန်ကိုပြောင်းရွှေ့လာခဲ့တာပါ။

ပေါ်တူဂီရဲ့ဂန္ထဝင်ကစားသမားကြီးအူစီဘီရိုကမိုဇမ်းဘစ်ကဖြစ်ပါတယ်။ပြင်သစ်အသင်းရဲ့ဟီးရိုးဖြစ်ခဲ့တဲ့ဇီဒန်းရဲ့မိဘတွေကအယ်ဂျီးရီးယားကပြောင်းရွှေ့လာကြတာပါ။လက်ရှိပြင်သစ်အသင်းရဲ့အသည်းကျော်ကိုင်လီရန်အမ်ဘက်ပီကတော့အဖေကကင်မရွန်းအမေကအယ်ဂျီးရီးယားဖြစ်ပါတယ်။

နောက်တစ်ခါနိုင်ငံခြားတွေကိုလက်မခံနဲ့လို့ပြောချင်လာရင်ဘောလုံးပွဲကိုမကြည့်တာကောင်းပါတယ်။ဒါမှမဟုတ်ရင်တော့မှန်ကိုကြည့်ပြီးကိုယ့်အဘိုးအဘွားကိုပြန်မေးကြည့်ပါ၊ ကိုယ့်ရဲ့ဇစ်မြစ်ကဘယ်ကလဲ။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရ ဗိုလ်စွဲပြီး ဆုဖလားကြီးကို သယ်ဆောင်လာတဲ့ စပိန်လက်ရွေးစင် ဘောလုံးအသင်းဟာ မက်ဒရစ် မြို့တော်ကို ပြန်ရောက်လာချိန်မှာ သူရဲကောင်းတွေလို သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခြင်း ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နိုင်ငံလက်ရွေးစင် အသင်းက ကမ္ဘာ့ချန်ပီယံ ဖြစ်လာတဲ့နောက် စပိန်နိုင်ငံမှာ ပြည်သူတွေ အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။