Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေဖျက်ဆီးနေတဲ့အပေါ် ထိရောက်စွာအရေးယူသွားမယ်လို့ NLD ပါတီ ထုတ်ပြန်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ ဖျက်ဆီးနေတဲ့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဒီကနေ့ (ဇူလိုင်လ ၈ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

(ရေဦးမြို့နယ်မှာ ရွေးကောက်ခံအရပ်သားလက်ထက်မှာ ဗိုလ်ချုပ်ကြေးရုပ်ထုစိုက်ထူဂုဏ်ပြုပွဲပြုလုပ်စဥ်။ဓါတ်ပုံ-အမ်တီ)

ဇူလိုင် ၈၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတွေ ဖျက်ဆီးနေတဲ့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဒီကနေ့ (ဇူလိုင်လ ၈ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့လွတ်လပ်ရေးဗိသုကာနဲ့ တပ်မတော်ရဲ့ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုတွေကို နေရာဒေသအနှံ့အပြားမှာ ဖြိုချဖျက်ဆီးနေဟာ ပြည်သူလူထုရဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကိုပါ ရိုက်ချိုးဖျက်ဆီးနေတာဖြစ်လို့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်ပါတယ်။

သခင်အောင်ဆန်း(ခ)ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာ့လွတ်လပ်ရေးအတွက် ပြည်ထောင်စုကို စုစည်းပေးနိုင်ခဲ့တဲ့ လွတ်လပ်ရေးဗိသုကာဖြစ်သလို မြန်မာ့တပ်မတော်ကိုတည်ထောင်တဲ့ တပ်မတော်ရဲ့ဖခင်လည်းဖြစ်ကြောင်း၊ သမိုင်းအစဉ်အလာကောင်းတွေနဲ့ပြည့်စုံသူ၊ ကိုယ်ကျိုးမဖက်သူ၊ တိုင်းပြည်အကျိုးစီးပွားကိုသာ‌ရှေ့ရှုတဲ့ ရိုးသားဖြူစင်သူဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် ပြည်သူလူထုဟာ သမိုင်းအစဉ်အလာကောင်းတွေနဲ့ ပြည့်စုံခြင်း၊ အာဇာနည် ပုဂ္ဂိုလ်ဖြစ်‌ခြင်း၊ ရိုးသားဖြူစင်ခြင်း၊ ကိုယ်ကျိုးမဖက်ခြင်း စတဲ့ ဂုဏ်ဒြပ်တို့ထုံမွမ်းနေတဲ့ ဗိုလ် ချုပ်အောင်ဆန်းအား ချစ်ခင်လေးစားဂုဏ်ပြုလိုစိတ်တို့နဲ့ နောင်လာနောက်သားတို့အတွက် စံပြု ပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံလွှာတွေကို အမျိုးသားရေးသွင်ပြင် လက္ခဏာအဖြစ်၊ မြန်မာ့သမိုင်းရဲ့သင်္ကတအဖြစ် အထွတ်အမြတ်ဆောင်ကြဉ်း ထားရှိကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြည်သူထဲကနေ ပေါက်ဖွားလာတဲ့ ပြည်သူ့ပါတီဖြစ်သတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ဒြပ်တွေကို အလေးဂရုပြု တန်ဖိုးထားသောအားဖြင့် ပြည် သူလူထုရဲ့ဆန္ဒနဲ့အညီ၊ ပြည်သူလူထုတစ်ဦးချင်းစီရဲ့ကိုယ်ပိုင်ထည့်ဝင်ငွေတွေနဲ့ ဗိုလ်ချုပ် အောင်ဆန်းရုပ်ထုတွေ တည်ဆောက်ရေးလုပ်ငန်းတွေကို ဥပဒေပါ စည်းမျဉ်းစည်းကမ်း လုပ်ထုံး လုပ်နည်းများနဲ့အညီ ပူးပေါင်းပါဝင်ခဲ့တယ်လို့ NLD က ဆိုပါတယ်။

ယခုအခါ စစ်အာဏာရှင်နဲ့ လက်ပါးစေ စစ်တပ်၊ ရဲတပ်ဖွဲ့၊ စည်ပင် သာယာရေးဝန်ထမ်းတွေဟာ ညအမှောင်ကို အကာအကွယ်ယူပြီး အများပြည်သူပိုင်ဖြစ်တဲ့ ဗိုလ် ချုပ်အောင်ဆန်းရုပ်ထုတွေကို နေရာဒေသအနှံ့အပြားမှာ နေ့စဉ်ဖြိုချဖျက်ဆီးနေကြောင်း NLD က ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

အဲဒီဖြိုချဖျက်ဆီးမှုတွေဟာ အများပြည်သူပိုင်ပစ္စည်းတွေ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့သမိုင်းရဲ့သင်္ကေတနဲ့အထောက်အထားတွေကို ဖျက် ဆီးနေတာသာမကဘဲ

ပြည်သူလူထုရဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်တွေကိုပါ ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးဖျက်ဆီးနေတာဖြစ်လို့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

အဲဒီလုပ်ရပ်တွေ လုပ်ဆောင်ဖို့ ညွှန်ကြားသူတွေ၊ ပူးပေါင်းပါဝင်သူတွေဟာ အများပြည် သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးသွင်ပြင်လက္ခဏာ၊ မြန်မာ့ သမိုင်းရဲ့ သင်္ကေတ၊ အထောက်အထားတွေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ဖျက်ဆီးနေတာဖြစ်လို့ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေကို ပြီးခဲ့တဲ့ ဇွန်လကတည်းက လိုက်လံဖျက်ဆီးနေတာဖြစ်ပြီး ရန်ကုန်မြို့က တောင်ဥက္ကလာပနဲ့ သာကေတမြို့နယ်၊ ပဲခူးတိုင်းက ပဲခူးနဲ့ တောင်ငူမြို့၊ ဧရာဝတီ

တိုင်းက ကျုံပျော်မြို့၊ စစ်ကိုင်းတိုင်းက ရေဦးမြို့၊ မကွေးတိုင်းက ရေစကြိုမြို့၊ တောင်တွင်းကြီးနဲ့ မင်းဘူးမြို့က ဗို့်လ်ချုပ်ရုပ်တုတွေကို ဖျက်ဆီးခံထားရပါတယ်။ စစ်အုပ်စုဟာ ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖြိုချရုံတင်မကဘဲ မြေမြှုပ်ပစ်ဖို့ပါ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ၊တောင်ဥက္ကလာနဲ့ သာကေတမြို့နယ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို အာဏာသိမ်းစစ်တပ်က ယမန်​နေ့ညကဖြိုချဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူမြို့ကိုအာဏာသိမ်းခေါင်း​ဆောင် မင်းအောင်လှိုင်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ဖယ်ရှားခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ နောက်တကြိမ် လွတ်လပ်မျှတမှုရှိတဲ့ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာတဲ့ အချိန်အထိ တရားဝင်တည်ရှိနေမယ်လို့ ထုတ်ပြန်