Connect with us

Hi, what are you looking for?

သတင်း

KNU ဥက္ကဋ္ဌနဲ့ ဝန်ကြီးဦးတင်ထွန်းနိုင်တို့ ပါဝင်တဲ့ SCEF ခေါင်းဆောင်တွေ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများနဲ့ တွေ့ဆုံကာ SCEF စုဖွဲ့မှု အကြောင်း၊ ရှေ့လုပ်ငန်းစဉ် နဲ့ ရည်မှန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

(SCEF ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်သတင်းမီဒီယာတွေနဲ့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG)

ဩဂုတ် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများနဲ့ တွေ့ဆုံကာ SCEF စုဖွဲ့မှု အကြောင်း၊ ရှေ့လုပ်ငန်းစဉ် နဲ့ ရည်မှန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

SCEF ဦးဆောင်သူတဦးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်တဲ့ SCEF တာဝန်ရှိသူတွေဟာ ဩဂုတ် ၈ရက်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့သလို ဩဂုတ် ၁၀ရက်မှာ မီဒီယာတွေ့ဆုံပွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ SCEF စုဖွဲ့ခဲ့တဲ့ နောက်ခံ၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေနဲ့ ရည်မှန်းချက်တွေ ရှင်းလင်းခဲ့သလို ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများနဲ့ သတင်းသမားများက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် SCEF ရဲ့ နိုင်ငံရေး အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာကို တာဝန်ရှိသူတွေက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်မီဒီယာများအနေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေအနေတွေ ပိုသိနားလည်စေဖို့ အခုတွေ့ဆုံပွဲဟာ အရေးပါတဲ့ အခွင့်အလမ်းဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး က ထုတ်ပြန်ပါတယ်။

SCEF ခေါင်းဆောင်တွေဟာ ဂျပန်နိုင်ငံရောက် မြန်မာတွေနဲ့ တွေ့ဆုံရာမှာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက်ကြိုးပမ်း ဆောင်ရွက်နေမှုတွေ ရှင်းပြခဲ့သလို ဂျပန်ရောက်မြန်မာတွေရဲ့ မေးမြန်းချက်၊ အကြံပြုချက်၊ သဘောထားအမြင်တွေ အပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့...

သတင်း

ကော်သူးလေတည်ဆောက်ရေးအတွက် နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ကျွမ်းကျင်ကရင်လူငယ်များနဲ့ ကရင်အမျိုးသားတော်လှန်ရေးအကြား မျိုးဆက်ကြား ပေါင်းကူးချိတ်ဆက်မှု ခိုင်မာစေဖို့ ရည်ရွယ်တဲ့ ညီလာခံ တရပ်ကျင်းပခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Trending

Facebook