သတင်း ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် ၉၀ကျော်သေဟု KNU တပ်မဟာ(၅) အသိပေး တိုက်ပွဲများအတွင်း KNLAဘက်မှ တစ်ဦးကျဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား သုံးဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 2, 2022
News ဖာပွန်ခရိုင်၌ ဧပြီအတွင်း တိုက်ပွဲများတွင် တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀သေဟု KNU တပ်မဟာ(၅)ထုတ်ပြန် စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ တပ်ကြပ်ကြီး နှစ်ဦးနှင့် တပ်ကြပ်တစ်ဦး ပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ဆိုသည်။ LuduNwayOoမေ 6, 2022
News မနေ့က ဖာပွန်ခရိုင်တိုက်ပွဲအတွင်း KNLA တပ်မဟာ ၅ စစ်ဆင်ရေး ဗျူဟာမှူးကျဆုံး ကျောက်ညှက်စခန်းဟာ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ (၄၃၄)တပ်ရင်းစခန်းဖြစ်ပြီး ဒုတပ်ရင်းမှူးအဆင့်ရှိသူက စခန်းထိုင်တာဖြစ်ပါတယ်။ မနေ့ကစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။ LuduNwayOoဧပြီ 29, 2022
News KNU ဖာပွန်ခရိုင်တွင် ဧပြီလဝက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၈၀ကျော်သေ အကြမ်းဖက်စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးမော်တော်ကား(၂)စီးအား ဖျက်ဆီးနိုင်ခဲ့ပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းများသယ်ယူရန်အသုံးပြုသည့် တံတား ၃စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoဧပြီ 19, 2022
News ဖာပွန်ခရိုင်ထဲ မတ်လအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တစ်ရာကျော်သေဆုံးခဲ့တယ်လို့ ဆို မတ်လ တစ်လတာအတွင်းမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီ BGF တပ်တို့အကြား တိုက်ပွဲပေါင်း (၃၅၉)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ BGF တို့ဘက်က (၁၁၈)ဦး သေဆုံးပြီး (၅၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ LuduNwayOoဧပြီ 3, 2022
News ဖာပွန်ခရိုင်၌ မတ်လအတွင်း တိုက်ပွဲများတွင် တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ် ၁၂၀ခန့်သေဟု KNU တပ်မဟာ(၅)ထုတ်ပြန် အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးတို့ ပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ဖော်ပြထားသည်။ LuduNwayOoဧပြီ 2, 2022
News ဖာပွန်ခရိုင်ထဲက စစ်ကောင်စီတပ်စခန်းတွေကို KNLA ဝင်တိုက် မနေ့ ဧပြီ ၁ ရက် မနက် ၆ နာရီအချိန်က ဖာပွန်ခရိုင်ထဲမှာရှိတဲ့ ခေါပုတ်စခန်းကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၅ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoဧပြီ 2, 2022
News ဖာပွန်ခရိုင်၌ ယခုလဝက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၅၀ကျော်သေဟု KNU တပ်မဟာ(၅) အသိပေး စစ်ကောင်စီတပ်က ပြည်သူလူထုများ နေထိုင်ရာနေရာများသို့လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကြောင့် ဒေသခံ ပြည်သူလူထု ၁၅ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ LuduNwayOoမတ် 16, 2022
News ဖာပွန်ခရိုင်တွင် ဖေဖော်ဝါရီအတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးသုံးဦးအပါအဝင် ၁၃၀ကျော်သေ ဖာပွန်ခရိုင်းအတွင်း တိုက်ပွဲများ၌ အပြစ်မဲ့ပြည်သူလေးဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၀ဦး ဒဏ်ရာရခဲ့ကြောင်း၊ဖေဖော်ဝါရီအတွင်း စစ်ကောင်စီမှလက်နက်ကြီး ၃၆၅ကြိမ်၊ စစ်လေယာဉ် ၁၀ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။ LuduNwayOoမတ် 8, 2022
News ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲစစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုပိုလုပ်လာ ဖာပွန်ခရိုင် တောင်သုံးလုံးနဲ့ ခွေးသေမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်တွေဟာ ဖေဖေါ်ဝါရီ ၁၅ ရက် မနက်ပိုင်းက ကတိုင်တိကျေးရွာအုပ်စုအတွင်းရှိ လေးဖိုးထာနဲ့ ဖွေးထော်ရူကျေးရွာထဲကို လက်နက်ကြီးနဲ့နေ့စဉ်လိုလိုပစ်ခတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ LuduNwayOoဖေဖော်ဝါရီ 16, 2022