Connect with us

Hi, what are you looking for?

News

KNU ဖာပွန်ခရိုင်တွင် ဧပြီလဝက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၈၀ကျော်သေ

အကြမ်းဖက်စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးမော်တော်ကား(၂)စီးအား ဖျက်ဆီးနိုင်ခဲ့ပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းများသယ်ယူရန်အသုံးပြုသည့် တံတား ၃စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်တွင် ဧပြီလဝက်အတွင်း တိုက်ပွဲ ၁၇၄ ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈၁ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဧပြီ ၁ရက်မှ ၁၅ရက်အထိ တိုက်ပွဲသတင်းကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သည့် ၈၁ ဦးတွင် တပ်ခွဲမှူး တစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် နှင့် ဒု-တပ်ကြပ်တစ်ဦးတို့ပါဝင်ပြီး ၄၄ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးမော်တော်ကား(၂)စီးအား ဖျက်ဆီးနိုင်ခဲ့ပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းများသယ်ယူရန်အသုံးပြုသည့် တံတား ၃စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများ၌ တပ်မဟာ(၅) ၏ စစ်သည်များ ထိခိုက်ကျဆုံးမှုမရှိသော်လည်း တပ်မဟာ အချင်းချင်း ကြား ပူးပေါင်းစစ်ဆင်ရာ၌ ပါဝင်သည့် တပ်မဟာ(၁) မှ စစ်သည် တစ်ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၇ဦးရှိသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများအတွင်း လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၂ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်း၏ခါးပိုက်ဆောင် တပ်(BGF)တို့မှ ဒေသခံပြည်သူများ၏ ကျေးရွာနှင့် လုပ်ငန်းခွင်များ အတွင်း လက်နက်ကြီးဖြင့် အချက် ၄၀၀ ကျော် ပစ်ခတ်ခဲ့သည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။