Connect with us

Hi, what are you looking for?

LuduNwayOo

News

KNU ဖာပွန်ခရိုင်တွင် ဧပြီလဝက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၈၀ကျော်သေ

အကြမ်းဖက်စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးမော်တော်ကား(၂)စီးအား ဖျက်ဆီးနိုင်ခဲ့ပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းများသယ်ယူရန်အသုံးပြုသည့် တံတား ၃စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်တွင် ဧပြီလဝက်အတွင်း တိုက်ပွဲ ၁၇၄ ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈၁ဦး သေဆုံးခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဧပြီ ၁ရက်မှ ၁၅ရက်အထိ တိုက်ပွဲသတင်းကို ယနေ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သည့် ၈၁ ဦးတွင် တပ်ခွဲမှူး တစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် နှင့် ဒု-တပ်ကြပ်တစ်ဦးတို့ပါဝင်ပြီး ၄၄ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးမော်တော်ကား(၂)စီးအား ဖျက်ဆီးနိုင်ခဲ့ပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းများသယ်ယူရန်အသုံးပြုသည့် တံတား ၃စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများ၌ တပ်မဟာ(၅) ၏ စစ်သည်များ ထိခိုက်ကျဆုံးမှုမရှိသော်လည်း တပ်မဟာ အချင်းချင်း ကြား ပူးပေါင်းစစ်ဆင်ရာ၌ ပါဝင်သည့် တပ်မဟာ(၁) မှ စစ်သည် တစ်ဦး ကျဆုံးပြီး ဒဏ်ရာရသူ ၇ဦးရှိသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကျေးရွာများအတွင်း လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၂ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်း၏ခါးပိုက်ဆောင် တပ်(BGF)တို့မှ ဒေသခံပြည်သူများ၏ ကျေးရွာနှင့် လုပ်ငန်းခွင်များ အတွင်း လက်နက်ကြီးဖြင့် အချက် ၄၀၀ ကျော် ပစ်ခတ်ခဲ့သည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။