Connect with us

Hi, what are you looking for?

News

မနေ့က ဖာပွန်ခရိုင်တိုက်ပွဲအတွင်း KNLA တပ်မဟာ ၅ စစ်ဆင်ရေး ဗျူဟာမှူးကျဆုံး

ကျောက်ညှက်စခန်းဟာ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ (၄၃၄)တပ်ရင်းစခန်းဖြစ်ပြီး ဒုတပ်ရင်းမှူးအဆင့်ရှိသူက စခန်းထိုင်တာဖြစ်ပါတယ်။ မနေ့ကစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

ကေအဲန်ယူ ဖာပွန်ခရိုင်မှာ မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း KNLA တပ်မဟာ ၅ ဘက်က ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးသွားခဲ့တယ်လို့ တပ်မဟာ ၅ သတင်းအရင်းအမြစ်ထံကနေ သိရပါတယ်။

ဖာပွန်ခရိုင် သံလွင်မြစ်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကျောက်ညှက်စခန်းကို မနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကိုသိမ်းဆည်းရခဲ့တာဖြစ်ပါတယ်။

ဗိုလ်မှူးကြီးစောထူးကရှောဟာ အဲဒီစခန်းသိမ်းတိုက်ပွဲမှာကျဆုံးခဲ့တာလို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုလို့တော့မရသေးပါဘူး။

ကျောက်ညှက်စခန်းဟာ ဖာပွန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ (၄၃၄)တပ်ရင်းစခန်းဖြစ်ပြီး ဒုတပ်ရင်းမှူးအဆင့်ရှိသူက စခန်းထိုင်တာဖြစ်ပါတယ်။ မနေ့ကစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ကျောက်ညှက်စခန်းကို KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့ရဲ့ တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လေယာဉ်နဲ့ သံလွင်မြစ်နားမှာရှိတဲ့ မယ်နုထာ့ကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ KNLA တပ်မဟာ ၅ ရဲ့ စစ်ဆင်ရေးဗျူဟာမှူးလည်းဖြစ် ကေအဲန်ယူ-ဖာပွန်ခရိုင်ရဲ့ ခရိုင်အလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီးစောထူးကရှောဟာ ကျဆုံးသွားခဲ့တာဖြစ်တယ်လို့ တပ်မဟာ ၅ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။