သတင်း ခင်ဦးမြို့နယ်တွင် မီးပတ်ရှို့နေသော စစ်ကောင်စီတပ်ကို တိုက်မိုင်း၃လုံးဖြင့်တိုက်ခိုက် စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးစု မီးရှို့ပြီး ရေဦးမြို့ဘက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ညောင်ပင်ကြီးစု အိမ်ခြေ ၂၀၀ကျော် မီးလောင်ပြာကျခဲ့ပြီး ပြည်သူများအတွက်အဝတ်အစားနှင့် စောင်များလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 1, 2023
သတင်း အင်းတော်တွင် အမျိုးသမီးငယ်တစ်ဦးကို PDF သင်တန်း တက်ဖူးသည်ဟုဆိုကာ စစ်ကောင်စီဖမ်းဆီး ဖမ်းဆီးခံရသူမှာအသက် (၂၅)နှစ်အရွယ် မနွေနွေကိုဆိုသူ ဖြစ်ပြီး အလှပြင်ပစ္စည်းဝယ်ရန် အင်းတော်မြို့အသွားတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 1, 2023
သတင်း ဟားခါး CDFအနေဖြင့် (၂)နှစ်အတွင်း တိုက်ပွဲ ၁၆၀ ကျော်ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ကျော်သေဆုံးခဲ့ဟု ထုတ်ပြန် ယနေ့ (ဖေဖော်ဝါရီ ၁ရက်)တွင် ပြည်သူ့နွေဦး တော်လှန်ရေး (၂)နှစ်ပြည့် ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ၌ ဟားခါး CDF ရဲဘော် ၁၉ဦး ကျဆုံးကာ ၄၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဖေဖော်ဝါရီ 1, 2023
သတင်း စစ်ကောင်စီ၏ UEC ၊ စွမ်းအင်ဝန်ကြီး၊ MOGE ညွှန်ချုပ် အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများကို အင်အားကြီး ၄ နိုင်ငံ ဒဏ်ခတ်ပိတ်ဆို့ ဗြိတိန်အစိုးရသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း ယနေ့ ကြေညာသည်။ LuduNwayOoဖေဖော်ဝါရီ 1, 2023
သတင်း အရာတော်နယ်ရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် ယမန်နေ့ (ဇန်နဝါရီ ၃၁ရက်) မွန်းလွဲပိုင်းက အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ မူးတံတားဂိတ် စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စပါးတွင်းကျေးရွာမှ ပျူစောထီးများအား ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇန်နဝါရီ 31, 2023
သတင်း စစ်အာဏာသိမ်းကာလ (၂)နှစ်ပြည့်ချိန် စစ်ကောင်စီ သတ်ဖြတ်၍ အနည်းဆုံး ပြည်သူ ၂,၉၄၀ ဦးကျဆုံးခဲ့ဟု AAPP ထုတ်ပြန် ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇန်နဝါရီ 31, 2023
သတင်း မြင်းခြံတွင် စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက် ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းကလည်း မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ထွက်ခွာလာသော စစ်အုပ်စုလိုက်ပါလာသည့် ပါကျဲရိုးကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီအုပ်စုထိခိုက်မှုများရှိနိုင်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဇန်နဝါရီ 31, 2023
သတင်း ဖလမ်းမြို့ စစ်ကောင်စီပညာရေးမှူးရုံးမှ ကျပ်သိန်း ၈၀၀ကိုလူလေးဦးကသေနတ်ပြ၍ယူသွား စစ်ကောင်စီဘက်မှ လစာငွေများယူဆောင်သွားခြင်းမှာ ဒေသခံကာကွယ်ရေးတပ်များလုပ်သည်ဟု သတင်းလွှင့်နေကြောင်း ဒေသခံများကပြောသည်။ LuduNwayOoဇန်နဝါရီ 31, 2023
သတင်း ပခုက္ကူနယ်ရှိ ကျေးရွာ နှစ်ရွာမှ နေအိမ် ၁၀၀ခန့် ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ (၂)နှစ်အတွင်း ရွာ၁၆ရွာ မီးရှို့ဖျက်ဆီးခံရ ဇန်နဝါရီ ၃၀ရက်က ကန်တော်ကျေးရွာရှိ နေအိမ် ၇၀ခန့်ကို မီးရှို့ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ဆားကျင်းရွာမှ နေအိမ် ၃၀ခန့်ကို မီးရှို့ခဲ့သည်ဟုဆိုသည်။ LuduNwayOoဇန်နဝါရီ 31, 2023
သတင်း ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ကို ၁နာရီခန့်ကြာတိုက်ခိုက် ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း၊ မဟာမိတ်ရဲဘော်များမှာ အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ကဆိုသည်။ LuduNwayOoဇန်နဝါရီ 31, 2023